နေပြည်တော် စက်တင်ဘာ ၁၀
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ဂျပန်နိုင်ငံ
Tsuyatomo Co., Ltd. ၏ President Mr. Yoshihiro Oguri ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ
ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) ရှိ ဆေးဆိုးနှင့် အချောကိုင်ဌာနတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်ရုံတွင် Japan International Cooperation Agency – JICA ကူညီထောက်ပံ့မှုဖြင့် သင်တန်းများ ဖွင့်လှစ်လျက် ရှိသည့် အခြေအနေများနှင့် ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များအား မြန်မာနိုင်ငံသို့ ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
(သတင်းစဉ်)

No comments:
Post a Comment