Friday, September 13, 2019

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro MARUYAMA နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော် စက်တင်ဘာ ၁၃
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro MARUYAMA နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီ တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အနာဂတ်တွင် ဆက်လက် ဆောင်ရွက်သွားမည့် စီမံကိန်းများတွင် ဂျပန်နိုင်ငံမှ ပူးပေါင်း ဆောင်ရွက်မည့် ကဏ္ဍများနှင့် ပတ်သက်၍ နှစ်ဖက်ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment