ရန်ကုန် စက်တင်ဘာ ၂၂
မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပသည့် International Future Series ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲများကို ယနေ့ညနေပိုင်း က ဆက်လက် ကျင်းပရာ သက်ထားသူဇာ သည် ဗိုလ်လုပွဲ၌ ရှုံးနိမ့်ပြီး ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။
သက်ထားသူဇာသည် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် အိန္ဒိယ ကစားသမား မယ်လ်ဗီကာနှင့် တွေ့ဆုံခဲ့ပြီး နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့သည်။
သက်ထားသူဇာ သည် ချန်ပီယံဆု ရယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ရသင့်သည့် အမှတ်များ ရယူနိုင်ခြင်းမရှိသောကြောင့် ၂၅-၁၃ မှတ်၊ ၂၅-၁၁ မှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ သက်ထားသူဇာသည် ယခုလအတွင်း ယှဉ်ပြိုင်သည့် ပြိုင်ပွဲများတွင် ချန်ပီယံဆု နှင့် လွဲချော်နေပြီး စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ မြန်မာနိုင်ငံ၌ ကျင်းပ သည့် International Series ကြက်တောင် ပြိုင်ပွဲတွင် တတိယဆုသာရခဲ့သလို ယခုပြိုင်ပွဲတွင် လည်း ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။
သက်ထားသူဇာ သည် စက်တင်ဘာ ၂၄ ရက်မှ ၂၉ ရက်အထိ မော်လ်ဒိုက် နိုင်ငံ၌ ဆက်လက်ကျင်းပမည့် International Challenge ပြိုင်ပွဲတွင် ထပ်မံ ယှဉ်ပြိုင်မည်ဖြစ်သည်။
ရဲရင့်ရှိုင်း
No comments:
Post a Comment