နေပြည်တော် စက်တင်ဘာ ၁၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့်အဖွဲ့အား ယနေ့
နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမ
ဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကိုချမှတ်ထားသည့်
စံ (၅) ချက်နှင့်အညီကျင်းပနိုင်ရေးဆောင် ရွက်နေမှု၊ ကော်မရှင်၏ မဟာဗျူဟာစီမံကိန်း
(၂၀၁၉−၂၀၂၂) အရလုပ်ငန်းစဉ်များအကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ မဲဆန္ဒရှင်စာရင်းများ
ပြုစုဆောင်ရွက်နေသည့် အခြေအနေ၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအတွက် ပြည်ပအဖွဲ့ အစည်းများအားဖိတ်ကြားမှု၊
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးပူးပေါင်း ကူညီဆောင်
ရွက်နိုင်မည့် ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
( သတင်းစဉ်)
No comments:
Post a Comment