Friday, September 13, 2019

စာပေဗိမာန်စာမူဆု(၂၀၁၈) ဘာသာပြန် စာမူပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်စာမူ ရက်တိုးမြှင့်သတ်မှတ်


ရန်ကုန် စက်တင်ဘာ ၁၂

၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူပြိုင်ပွဲတွင် ဘာသာပြန်စာမူအတွက် Mathew Kieran တည်းဖြတ်သည့် Media Ethics စာအုပ်မှ ''Journalism and ethics: Can they coexist ? '' ၊ ''Objectivity, impartiality and good journalism'' ၊ ''Journalism, Politics and Public relations: an ethical appraisal'' ၊ ''Sex and Violence in fact and f iction'' ၊ ''Censorship and the media'' အခန်း ၅ ခန်းကို ထုတ်နုတ်ရန် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၉ ခုနှစ် ဩဂုတ် ၃၁ ရက် နောက်ဆုံးထား၍ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ယခုအခါ ဘာသာပြန်စာပေဝါသနာရှင်များပိုမို၍ ပြိုင်ပွဲဝင်နိုင်ရေးအတွက် ၃၀-၉-၂၀၁၉ ရက်အထိတိုးမြှင့်သတ်မှတ် ထားကြောင်းသိရသည်။
သတင်းစဉ်

No comments:

Post a Comment