Wednesday, September 18, 2019

မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များ အသင်းက (၅)ကြိမ်မြောက် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့် အခြေခံသင်တန်း ဖွင့်လှစ်မည်

ရန်ကုန် စက်တင်ဘာ ၁၇
(၅)ကြိမ်မြောက် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်အခြေခံသင်တန်းကို ကမ္ဘာ့ အသိဉာဏ်ပစ္စည်းဆိုင်ရာ အဖွဲ့အစည်း (WIPO) နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့၏ ကမကထပြုမှုဖြင့် မြန်မာနိုင်ငံ အသိဉာဏ် ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MIPPA) က စက်တင်ဘာ ၂၁ ရက်တွင် ကမ္ဘာအေးစေတီလမ်း ဂမုန်းပွင့် ကုန်တိုက်ရှိ မြန်မာနိုင်ငံ အလှကုန် အသင်း၏ သင်တန်းခန်းမ၌ ဖွင့်လှစ်မည်ဖြစ်သည်။

အဆိုပါ သင်တန်းကို နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော တီထွင်ဖန်တီးမှုကို မြှင့်တင်အကာ အကွယ်ပေးမည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေများကို ပြည်သူ့လွှတ်တော်က ယခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ စီးပွားရေးလုပ်ငန်းနယ်ပယ် အသီးသီးမှ တီထွင်ဖန်တီးသူများ၊ မူပိုင်ခွင့် အကျိုးဆောင်လိုသူများ၊ ရှေ့နေရှေ့ရပ်များနှင့် အများပြည်သူအား မူပိုင်ခွင့်ဆိုင်ရာ အသိပညာ ဖြန့်ဝေပေးနိုင်ရန် အတွက် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment