ရန်ကုန် စက်တင်ဘာ ၁၂
ကမ္ဘာ့အဆင့်မီ အအေးခန်းနှင့် အေးခဲထားရန်ပစ္စည်းများ
သိုလှောင်ထားနိုင်သည့် ကုန်သွယ်ပို့ဆောင်ရေး ဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်သော
ဘက်စုံသုံး အဆောက်အအုံ ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့
သာကေတစက်မှုဇုန် အတွင်း၌ ကျင်းပသည်။
အဆိုပါ နိုင်ငံတကာ အဆင့်မီ အအေးခန်းသိုလှောင်ရုံ များကို ဂျပန်နိုင်ငံ Fukulla & Partners Co., Ltd က လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး ယနေ့ဖွင့်လှစ်သော L.L Town သာကေတသည် မြေဧရိယာ ၉၀၉၅ ဒသမ ၆ စတုရန်း မီတာနှင့် ကြမ်းခင်းဧရိယာ ၁၀၀၈၁ စတုရန်းမီတာပေါ်တွင် စီးပွားရေးလုပ်ငန်းများအတွက် ဘက်စုံ အသုံးပြုနိုင်သော အအေးခန်း အဆောက်အအုံ (A) , (B) နှင့် (C) တို့ကို တည်ဆောက်နေခြင်း ဖြစ်ကာ Temperature သုံးမျိုး အသုံးပြု နိုင်သော အဆောက်အအုံ B ကို ယနေ့ ဖွင့်လှစ်ခြင်းဖြစ်သည်။ အကောင်အထည်ဖော် တည်ဆောက်မည့် အဆောက်အအုံများ တွင် ဝန်ဆောင်မှုပေးနိုင်မည့် အအေးခန်းသုံးခန်း၊ ရုံးခန်းများ၊ ဂိုဒေါင်များ၊ ပညာရေးဆိုင်ရာ သင်တန်းခန်းမများ၊ ငှားရမ်း အသုံးပြုနိုင်သည့် အစည်းအဝေးခန်းမများ ပါဝင်မည် ဖြစ်သည်။
ယနေ့တွင် L.L Town သာကေတမှ အဆောက်အအုံ (B) ကို ကနဦး ဖွင့်လှစ်ခြင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအတွက် ဘက်စုံသုံးအအေးခန်း အဆောက်အအုံ (C) ကို လာမည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင်လည်းကောင်း၊ အဆောက် အအုံ (A)ကို ၂၀၂၀ ပြည့်နှစ်စက်တင်ဘာလတွင် လည်းကောင်း တည်ဆောက်ပြီးစီးရန် လျာထားကြောင်း သိရသည်။
ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် L.L Town သာကေတ နှင့်ပတ်သက်၍ “မြန်မာနိုင်ငံက စီးပွားရေးကုမ္ပဏီ တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုတိုးတက်အောင် အထောက်အကူပြုမယ်လို့ ယုံကြည်သလို မြန်မာနိုင်ငံရဲ့ စီးပွား ရေး ရေရှည်ဖွံ့ ဖြိုးတိုးတက်မှုတည်မြဲရေးဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ” ဟု တာဝန်ယူ တည်ဆောက်နေ သော FLP Tharkayta Co.,Ltd ၏ မန်နေဂျင်း ဒါရိုက်တာ မစ္စတာ ဖူကူဒါက ပြောကြားသည်။
မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံ အကောင် အထည်ဖော်သော Fukulla & Partners Co., Ltd သည် ကုန်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် ထောက်ပံ့ပို့ဆောင် ရေးဆိုင်ရာလုပ်ငန်းများအတွက် ဒီဇိုင်းရေးဆွဲခြင်း၊ တည်ဆောက်ခြင်းနှင့် လုပ်ငန်းစီမံကိန်းအား ကြီးကြပ်ဆောင်ရွက်ပေးခြင်း များကို လုပ်ဆောင်နေသည့် ဂျပန်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သိရသည်။
ယနေ့ဖွင့်လှစ်သော ဘက်စုံသုံး အအေးခန်းဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama နှင့် သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများအသင်း၊ မြန်မာ့စက်မှုလုပ်ငန်းနှင့် အခြားသော ဆက်စပ်လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်း များ၊ သာကေတစက်မှုဇုန်မှ တာဝန်ရှိသူများ၊ FLP Tharkayta Co.,Ltd မှ ဝန်ဆောင်မှု ရယူလုပ်ကိုင်နေသည့် လုပ်ငန်းများမှ ဧည့်သည်တော်လုပ်ငန်းရှင်များ တက်ရောက်သည်။
မောင်စိန်လွင် (မြန်မာ့အလင်း)

No comments:
Post a Comment