နေပြည်တော် စက်တင်ဘာ ၁၃
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ
ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မင်းကင်း
မဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ်တွင် ရပ်ဆိုင်းခဲ့သော အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)နှင့်
အမှတ်(၂) သံမဏိ စက်ရုံ (ပင်းပက်)တို့တွင် ၎င်းဘဏ္ဍာရေးနှစ်အတွင်း ကုမ္ပဏီများမှ တည်ဆောက်ရေး
လုပ်ငန်းများအတွက် စိုက်ထုတ်လုပ်ကိုင်ခဲ့ရသည့် ငွေကြေးများ ပြန်လည်ရရှိခြင်းမရှိဘဲ
ဆုံးရှုံးနစ်နာလျက်ရှိနေပါသဖြင့် ကုမ္ပဏီများ နစ်နာမှုမရှိစေရေးအတွက် မည်ကဲ့သို ဆက်လက်ဆောင်ရွက်ပေးမည်ကို
သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက
၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ကျင်းပခဲ့သည့် ဒုတိယကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်
ပုံမှန် အစည်းအဝေး (၂၂) ရက်မြောက် နေ့တွင် စက်မှုဝန်ကြီးဌာနက တင်ပြတောင်းခံခဲ့သည့်
အမှတ်(၁) သံမဏ်စက်ရုံ (မြင်းခြံ) စီမံကိန်း၏ လုပ်ငန်းကြွေးကျန် ငွေကျပ် ၉ ဒသမ ၅၀၉ ဘီလီယံ
အနက် ငွေကျပ် ၇ ဒသမ ၁၃၁ ဘီလီယံကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု၏ အရသုံးခန့်မှန်းခြေ
ငွေစာရင်းတွင် ထည့်သွင်းလျာထားခွင့်ပြုခဲ့ပြီး ဘဏ္ဍာငွေခွင့်ပြုချက် မရရှိမီ ကြိုတင်ဆောင်ရွက်ခဲ့သည့်
အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းများအား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစိစစ်ရန်နှင့်
စိစစ်တွေ့ရှိချက်များအား အနီးကပ်ဆုံးကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍
ခွင့်ပြုချက်တောင်းခံ ပြီးမှသာ ထုတ်ယူကျခံ သုံးစွဲရန် ဆုံးဖြတ်ခဲ့ပါကြောင်း။
သို့ဖြစ်ပါ၍ စက်မှုဝန်ကြီးဌာနအနေဖြင့်
အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) စီမံကိန်း၏ လုပ်ငန်း ကြွေးကျန်များအား ပြည်ထောင်စုလွှတ်တော်က
ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ် ချက်နှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့်
၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ် ငွေလုံးငွေရင်း အသုံးစရိတ်တွင် စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုဘတ်ဂျက်ဘောင်
အတွင်းမှ ထည့်သွင်းလျာထားနိုင်ခဲ့ခြင်း မရှိခဲ့သည့် အမှတ်(၂) သံမဏ်စက်ရုံ(ပင်းပက်)
စီမံကိန်း၏ လုပ်ငန်းကြွေးကျန်များကိုလည်း စက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး
ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ (၃)ပွင့်ဆိုင် တွေ့ဆုံ ညှိနှိုင်းပြီး ဆွေးနွေးမှုရလဒ်များကို
ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဒလ မဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေး၏
အခြေခံပညာကျောင်းများမှ လုပ်အားပေး ဆရာ၊ ဆရာမများနှင့် အရည်အချင်းမီ ဘွဲ့ရ အထွေထွေလုပ်သားများအား
အမြဲတမ်း နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမများအဖြစ် ခန့်ထားပေးရန်နှင့် ပညာရေးကောလိပ် နှင့်
ပညာရေးတက္ကသိုလ်သို့ ဆက်လက် တက်ရောက်နိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်ပေး နိုင်သည်ကို
သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး ဝင်းမော်ထွန်းက
ဘွဲ့ရအထွေထွေလုပ်သားအများအနေဖြင့် ရာထူးတိုး လမ်းကြောင်းအရ စာရေး-၁ ရာထူးကို လျှောက်ထားခွင့်ရှိပါကြောင်း၊
အဆိုပါ ဘွဲ့ရ အထွေထွေ လုပ်သားများနှင့် လုပ်အားပေးဆရာ၊ ဆရာမများကို မူလတန်းပြအဖြစ်
အမြဲတမ်း တာဝန်ထမ်းဆောင်လိုပါက သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို မူလတန်း ဆရာအဖြစ်
သင်တန်း မူလတန်းသင်တန်း PPTT သို့ တက်ရောက်နိုင်ရန် လျှောက်ထား ဖြေဆို နိုင်ပါကြောင်း။
အခြေခံပညာကျောင်းများတွင်
တာဝန်ထမ်းဆောင်နေသော ဘွဲ့ရအထွေထွေ လုပ်သား များအား မူလတန်းပြဆရာအဖြစ်သို့ တိုးမြှင့်ခန့်ထားပေးခြင်းကို
မဆောင်ရွက်တော့ဘဲ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများကို လုပ်ထုံးလုပ်နည်းအရ ယှဉ်ပြိုင်
စာမေးပွဲ ဖြေဆို၍ ဆရာအတတ်သင် သင်တန်းတက်ရောက်စေပြီးမှသာ မူလတန်း ပြအဖြစ် ခန့်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊
အခြေခံပညာ ဆရာအတတ်ပညာ သင်တန်း လက်မှတ်မရှိသေးသည့် ဆရာ၊ ဆရာမအားလုံးကို မူလတန်းဆရာ အတတ်
စာပေးစာယူသင်တန်း၊ အလယ်တန်းဆရာအတတ် စာပေးစာယူ သင်တန်းများ တက် ရောက်နိုင်ရန် ပညာရေးကောလိပ်များက
စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော
သင်ကြားရေးနှင့် သက် ဆိုင်သည့် လုပ်ငန်းခွင်မှ မူလတန်းကျောင်းအုပ်၊ အလယ်တန်းပြနှင့်
အထက်တန်း ပြဆရာ၊ ဆရာမများ ဘီအီးဒီ ဝင်ခွင့် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် ဆရာ၊
ဆရာမများကို ပညာရေးတက္ကသိုလ် စာပေးစာယူဝင်ခွင့် စာမေးပွဲဖြေဆို အောင်မြင် ပါက အထက်တန်းပြဆရာအဖြစ်
ပညာရေး တက္ကသိုလ်များမှ သင်ကြားသင်ယူ လေ့ကျင့် ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ထန်တလန် မဲဆန္ဒနယ်မှ
ဒေါ်နီရွှေလျန်း၏ လုပ်ငန်းခွင် ဆရာအကြို မူလတန်း ဆရာ အတတ်ပညာ သင်တန်း PPTT ဝင်ခွင့်
ရွေးချယ်ရေးကိစ္စကို ဒေသခံထဲမှ ဦးစားပေး ရွေးချယ်ရန်နှင့် လုံလောက်မှု မရှိမှသာ အခြားတိုင်းဒေသကြီးမှ
လျှောက်ထားသူ များကို ရွေးချယ်သည့်စနစ်ကျင့်သုံးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်
စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဆင့်မြင့် ပညာဦးစီးဌာန
အနေဖြင့် လုပ်ငန်းခွင် အကြိုမူလတန်း ဆရာအတတ်ပညာ သင်တန်း (PPTT) သင်တန်းသို့ တက်ရောက်
ခွင့်ပြုနိုင်ရန် သင်တန်းသားများ ရွေးချယ်ရာတွင် တက္ကသိုလ်မှ ဘွဲ့ရရှိသူများကို တိုင်းဒေသကြီး၊ပြည်နယ်အလိုက်
ဖွင့်လှစ်ထားသည့် ပညာရေးကောလိပ်များတွင် ဝင်ခွင့် လျှောက်ထားစေပြီး ရွေးချယ်ရေးလုပ်ငန်းစဉ်အရ
အင်္ဂလိပ်စာနှင့် ပညာရေးဆိုင်ရာ အထွေထွေ ဗဟုသုတတို့ကို ယှဉ်ပြိုင်ဖြေဆို စေပါကြောင်း၊
ထိုသို့ဖြေဆိုရာတွင် နှစ်ဘာသာရမှတ်ပေါင်းကို ကြီးစဉ်ငယ်လိုက် အရ လည်းကောင်း၊ သတ်မှတ်ထားသော
ရွေးချယ်ရေးမူအရလည်းကောင်း၊ မြို့နယ်တွင်းရှိ မူလတန်းကျောင်းသားအရေအတွက် လိုအပ်ချက်အရသော်လည်းကောင်း၊
ပညာရေး ကောလိပ်များ၏ ဝင်ဆံ့ဦးရေပေါ်မူ တည်၍လည်းကောင်း၊ မြို့နယ်ခွဲဝေသတ်မှတ်မှု ဦးရေအရ
လည်းကောင်း ရွေးချယ်ပြီး တက်ရောက်သင်ကြားခွင့်ပြုခဲ့ပါကြောင်း၊ ထို့ပြင် တိုင်းဒေသကြီး/
ပြည်နယ်အသီးသီးမှ ဝင်ခွင့်ဖြေဆိုသူအားလုံးသည် တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ နှစ်သက်ရာမြို့နယ်
တစ်ခုကို ရွေးချယ်၍ လျှောက်ထားခွင့် ရှိပါကြောင်း။
အဆင့်မြင့် ပညာဦးစီးဌာနအနေဖြင့်
လုပ်ငန်း ခွင်အကြိုမူလတန်းဆရာအတတ် ပညာ သင်တန်း (PPTT) ဝင်ခွင့်ရွေးချယ်ရေးကိစ္စကို
ဒေသခံထဲမှ ဦးစားပေးရွေးချယ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံတွင်းမှ လုံလောက်မှုမရှိမှသာ
အခြားတိုင်းဒေသ ကြီး/ပြည်နယ်များမှ လျှောက်ထားသူများကို ရွေးချယ်သည့်စနစ်အား ဆောင်ရွက်
လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ သပိတ်ကျင်း
မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်နိုင်၏ သပိတ်ကျင်း မြို့နယ်၊ အုန်းဇုန်း ကျေးရွာအုပ်စု၊
ဇရပ်ကျေးရွာများ၏ ပြည်ထဲရေးအမည်ပေါက်ရွာ မြေအတွင်းကျ ရောက်နေသော သစ်တောမြေအား ပယ်ဖျက်ပေးရန်
အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ် လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး
ဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက လည်းကောင်း၊ ကျွန်းစု မဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ၏
ကျွန်းစုမြို့နယ်အတွင်းရှိ မူလွန်ကျောင်းများ တွင် အလယ်တန်းပြ ဆရာ၊ ဆရာမများ ခန့်ထားပေးရန်
အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ လှိုင်းဘွဲ့ မဲဆန္ဒနယ် ဦးခင်ချို၏ အဝေးသင်တက္ကသိုလ်ပညာ
သင်ကြားလိုသော ကျောင်းသား ကျောင်းသူ များ အတွက် အိမ်ထောင်စုစာရင်းဝင် ပြောင်းရွှေ့ဝင်ရောက်
သည့် အထောက်အထား တင်ပြစေရန် တောင်းခံနေမှုအား ပယ်ဖျက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့်
အဓိကလိုအပ်သည့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ကြောင်း အထောက် အထား၊ အမှတ်စာရင်းနှင့်
အမှန်တကယ်နေထိုင်သည့် သို့မဟုတ် အလုပ်လုပ် ကိုင်နေသည့် ဒေသရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏
အတည်ပြု ထောက်ခံ ချက်များဖြင့် လက်ခံသင်ကြားခွင့် ပြုနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း
မေးခွန်းနှင့် မင်းတပ် မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၏ မင်းတပ်မြို့တွင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်
သို့မဟုတ် ကောလိပ်ကျောင်း (၁)ကျောင်း တည်ဆောက်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မ ရှိ မေးခွန်းနှင့်
စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လည်းကောင်း ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် အမျိုးသားလွှတ်တော်မှ
ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော အခြေခံ ပညာရေး ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင်
ဦးဇော်ဝင်းက အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်များအနက် ဥပဒေကြမ်းကော်မတီက သဘောတူ သင့်သည့်အချက်
၉ ချက်ကို လည်းကောင်း၊ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များ အနက်မှ ဥပဒေကြမ်းကော်မတီ၏
ထပ်မံပြင်ဆင်ချက် ၉ ချက် ကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း
သဘောမတူဘဲ ပြည်သူ့လွှတ် တော်၏ အတည်ပြုချက်အတိုင်း ထားရှိမည့် အချက် ၁၇ ချက်တို့ကို
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပညာရေးဝန်ကြီးဌာနနှင့် လွှတ်တော်တို့၏ သဘောထားရယူ
အတည်ပြုသည်။
အဆိုပါ ဥပဒေကြမ်း
နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုလင်း က သဘောကွဲလွဲသည့် အချက်
၂၆ ချက်ကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြသင့်ကြောင်းကို အဆိုတင်သွင်းပြီး
ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ထိုအချက် ၂၆ ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး
ဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်း နှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ဆက်လက်၍ ဆင်ပေါင်ဝဲ
မဲဆန္ဒနယ်မှ ဦးနေထက်ဝင်း တင်သွင်းသည့် နိုင်ငံ အဝန်း သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ
စဉ်ဆက်မပြတ် ဖြေရှင်း ဆောင်ရွက် သွားနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရပ်
ကျွမ်းကျင်သူများ မွေးထုတ်သွားရန်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနကို ခရိုင်၊
မြို့နယ်အဆင့်ထိ စနစ်တကျ တိုးချဲ့ဖွဲ့စည်းပြီး ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ အောင်မြင်ရေး
အရှိန်အဟုန် မြှင့်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို
လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
အရာတော်မဲဆန္ဒနယ်မှ
ဒေါက်တာဦးခင်မောင်သင်း က သဘာဝသယံဇာတများ စီမံခန့်ခွဲရာတွင် သစ်တောဖုံးလွှမ်းနေရာများရှိ
ဂေဟစနစ်ဟန်ချက် ထိန်းသိမ်း ထားရှိရန် မှာ လွန်စွာအရေးကြီး ပါကြောင်း၊ သစ်တောများ ပြုန်းတီးသွားသည့်အတွက်
မှန်လုံအိမ် ဓာတ်ငွေ့ထုတ်လုပ်မှု များပြားလာ သောကြောင့် ကမ္ဘာကြီးပို၍ ပူနွေး လာပြီး
ပုံမှန်မဟုတ် သည့် ရာသီဥတုများ ဖြစ်ပေါ်လာပါကြောင်း၊ အဆိုပါ အကျိုးဆက် များကြောင့်
သဘာ၀ဘေးအန္တရာယ်များနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများတွင် ပြဿနာများစွာကြုံတွေ့ လာရပါကြောင်း၊
ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း များတိုးတက် အောင်မြင်ရန်အတွက်
နိုင်ငံတော်အစိုးရမှ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနကိုတိုးချဲ့ဖွဲ့စည်းခြင်း၊
နည်းဥပဒေ များပြဋ္ဌာန်းခြင်း၊ နိုင်ငံတကာအကူအညီများ ရယူခြင်း၊ ပြည်သူများပူးပေါင်းပါဝင်သည့်
ပညာပေးအစီအစဉ်များဖြင့် စည်းရုံးခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
စသည် တို့ကို မဖြစ်မနေဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း အကြံပြုဆွေးနွေးသည်။
ပင်လည်ဘူး မဲဆန္ဒနယ်မှ
ဦးမင်းနောင်က ဝန်ကြီးဌာနများနှင့် ပူးပေါင်းချိတ်ဆက်၍ စာသင်ကျောင်းများမှ တရားဝင် အချိန်သတ်သတ်မှတ်မှတ်ပေးပြီး
ပတ်ဝန်းကျင် ထိန်းသိမ်းရေး သင်ခန်းစာ များသင်ကြားခြင်းနှင့် လူထုအကြားတွင်လည်း အသိ
ပညာများတိုးတက်အောင် ကူညီဆောင်ရွက်မှုများပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက် သင့်ပါကြောင်း၊
ဆင်းရဲချမ်းသာမှု မတူညီသော်လည်း ရာသီဥတု ဆိုးဝါးလာပါက အားလုံးအတူတူ ထိခိုက်ခံစားရပါကြောင်း၊
အစိုးရအနေဖြင့် စိုက်ပျိုးရေးကို မှီခိုလုပ်ကိုင် နေသည့် တောင်သူလယ်သမားများအတွက် အထောက်အပံ့
များပိုမိုဖြည့်ဆည်းပေးရန် လိုအပ်သကဲ့သို့ အခြား နည်းလမ်းများကိုလည်း ကြိုတင်စဉ်းစားထားရန်
လိုအပ် ပါကြောင်း၊ ရာသီဥတု ပြောင်းလဲမှုရှိလာသည့်အလျောက် ခံနိုင်ရည်ရှိမှုနှင့် လိုက်လျော
ညီထွေစွာ နေထိုင်တတ်ရန် လူသားအားလုံး လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း
အကြံပြု ဆွေးနွေးသည်။
ဆက်လက်၍ မင်းဘူး မဲဆန္ဒနယ်မှ
ဦးဝင်းဝင်း၊ မကွေး မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ပေါင် မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၊ ထီးလင်း
မဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၊ ဒိုက်ဦး မဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၊ ကျောက်ကြီး မဲဆန္ဒနယ်မှ
ဦးမြင့်ငွေ၊ တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ ဆိပ်ဖြူ မဲဆန္ဒနယ်မှ ဦးအောင်သိုက်နှင့်
သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက် တို့က ဆက်လက်ဆွေး နွေးကြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကချင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့နှင့် တနင်္သာရီ၊ ပဲခူး၊
ဧရာဝတီတိုင်းဒေသကြီးတို့တွင် ခရိုင်ရုံး ၁၃ ရုံးနှင့် မြို့နယ်ရုံး ၁ ရုံး ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊၂၀၁၉
စက်တင်ဘာတွင် မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ခရိုင် ၅ရုံးအား ဆက်လက်ဖွင့်လှစ်
သွားမည် ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ခရိုင်ရုံး ၁၅ရုံးနှင့် မြို့နယ်ရုံး ၈ရုံး
ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၅ နှစ်စီမံကိန်းအရ ဖွင့်လှစ်ရန် ကျန်ရှိသည့်
ခရိုင်ရုံး ၃၈ ရုံးနှင့် မြို့နယ်ရုံး ၈၉ ရုံးတို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊
ပြည်နယ်အစိုးရအဖွဲ့များနှင့် မြေနေရာရရှိရေးအတွက် ညှိနှိုင်း ဆောင်ရွက်ခဲ့ရာ ခရိုင်ရုံး
၂၂ ရုံးနှင့် မြို့နယ်ရုံး ၃၂ ရုံးတို့အတွက် မြေနေရာရရှိပြီး ဖြစ်ပါကြောင်း။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဦးစီးဌာနအား နှစ်စဉ်စီမံချက်များ ချမှတ်၍ အင်အား ပြည့်မီရေးအတွက် ဝန်ထမ်းများ ခန့်ထားနိုင်ရေးနှင့်
ဘဏ္ဍာနှစ်အလိုက် ခရိုင်ရုံး၊ မြို့ နယ်ရုံးများ ဆက်လက်ခွင့်ပြု နိုင်ရေးအတွက် နှစ်စဉ်ဘဏ္ဍာရန်ပုံငွေထည့်သွင်း
တောင်းခံ လျက်ရှိပြီး အဆိုပါလုပ်ငန်းများအား ဘဏ္ဍာရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆက်လက်
အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင် ရည်မြှင့်တင်ရေးအတွက်
လုပ်ငန်းခွင်မွမ်းမံ သင်တန်း များ၊ ပြည်တွင်း၊ ပြည်ပ၌ ဖွင့်လှစ် လျက်ရှိသော ကလာတို၊
ကာလရှည် သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ အစည်း အဝေးပွဲများသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဦးစီးဌာနမှ ဝန်ထမ်းများအပြင် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ အားစေလွှတ်၍
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘာသာရပ် ကျွမ်းကျင်သူများအား မွေးထုတ် ပေးလျက်ရှိပါကြောင်း။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်
ကမ္ဘာ့ဘက်တို့ပူးပေါင်း၍ ပတ်ဝန်းကျင် နှင့် လူမှုကာကွယ် စောင့်ရှောက်ရေး စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ
သင်ကြားရေး စင်တာတစ်ခုကို ဖွင့်လှစ် တည်ထောင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ
စီမံကိန်းကာလ ၃ နှစ်၏ ပထမနှစ် အတွင်းတွင် ကနဦးဆောင်ရွက်ချက်အနေဖြင့် Dam Safety
Training Workshop အား လည်းကောင်း၊ Land Acquisition and Resettlement သင်တန်းအားလည်းကောင်း၊
Community Health and Safety သင်တန်းအားလည်းကောင်း ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါကြောင်း။
ထို့ပြင် စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့်
ရေရှည်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍ UNDP ၏ နည်းပညာအကူအညီဖြင့်
လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးမဟာဗျူဟာ ရေးဆွဲ နိုင်ရေးအတွက် ဆောင်ရွက်လျက်
ရှိရာ ပထမအဆင့်အနေဖြင့် Capacity Needs Assessment ဖော်ထုတ်ခြင်း လုပ်ငန်း များအား
ဆောင်ရွက်နိုင်ခဲ့ပြီး ၎င်းအပေါ် အခြေခံ၍ မဟာဗျူဟာ ဆက်လက်ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
နိုင်ငံတကာအဖွဲ့အစည်း များနှင့်လည်း ပူးပေါင်း၍ သင်တန်းသားများ ဆက်လက်စေလွှတ်နိုင်ရေးကိုလည်း
ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းများ
စဉ်ဆက်မပြတ် ဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရပ်ကျွမ်းကျင်သူ
များမွေးထုတ်သွားမည်ဖြစ်ပါကြောင်း၊ ခရိုင်၊ မြို့နယ်အဆင့်တို့ကို စနစ်တကျတိုးချဲ့ ဖွဲ့စည်းပြီး
ဌာန၏ လုပ်ငန်းစဉ်များအောင်မြင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါ၍ အဆိုအား
အတည်ပြုသင့်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထား ရယူရာ အဆိုရှင် က အတည်ပြုပေးပါရန် ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက
အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထား ရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း
ကြေညာ သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက် မြောက်နေ့ကို စက်တင်ဘာ ၁၆ ရက် တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း
သိရ သည်။
အေးအေးသန့်၊ ကျော်ဇင်ထိုက်

No comments:
Post a Comment