ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် နန်နင်း အပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပသည့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့်
(၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး
ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့်
ဒုတိယဝန်ကြီးချုပ် Mr. Han Zheng ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဒုတိယဝန်ကြီးချုပ်များနှင့်
ဝန်ကြီးများ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊
ယခုနှစ်အတွက် အထူးမိတ်ဖက်နိုင်ငံဖြစ်သည့် ပိုလန်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်
Mr. Marcin Ociepa ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ၊
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ နန်နင်းမြို့
မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်နှင့် တာဝန်ရှိ သူများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့်
အာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင်
တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မတီအတွင်းရေးမှူး
Mr. Lu Xinshe ၊ တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
Mr. Yu Jinanhua နှင့် တရုတ်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင် ရေးကောင်စီ
(CCPIT) ဥက္ကဋ္ဌ Ms.Gao Yan တို့က အမှာစကားပြောကြားကြသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ဒုတိယဝန်ကြီးချုပ် Mr. Han Zheng က အဖွင့်မိန့်ခွန်းပြောကြား သည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ဒုတိယဝန်ကြီးချုပ် Mr. Han Zheng က အဖွင့်မိန့်ခွန်းပြောကြား သည်။
ယင်းနောက် အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတ၏ အထူးကိုယ်စားလှယ်ဖြစ်သည့် ပင်လယ်ရေ ကြောင်းဆိုင်ရာ ညှိနှိုင်းရေးမှူးဝန်ကြီး Mr. Lahut Binsar Panddjaitan ကမိန့်ခွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတ
ဦးမြင့်ဆွေက မိန့်ခွန်းပြောကြားရာတွင် ယနေ့ကျင်းပသည့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့်
တရုတ်-အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးများ၏ ဖွင့်ပွဲအခမ်းအနားတွင်
မိမိအနေဖြင့် မိန့်ခွန်းပြောကြားခွင့်ရသည့် အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊
မိမိတို့ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ပြပွဲတွင် ပါဝင်ပြသကြသည့် မြန်မာလုပ်ငန်းရှင်များအပေါ်
ဧည့်ဝတ်ကျေပွန်မှုအတွက် စီစဉ်ကျင်းပသူများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအခမ်းအနားတွင်
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံ နိုင်ငံများက ခေါင်းဆောင်များ အပြင် ကဏ္ဍအသီးသီးက
စီးပွားရေးလုပ်ငန်းရှင်များကိုပါ တွေ့ဆုံခွင့်ရ သည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း။
မိမိတို့ဒေသသည် လွန်ခဲ့တဲ့နှစ်ပေါင်း(၄၀)ကျော်
ကာလတစ်လျှောက် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုများကိုမကြုံစဖူးခံစား ရရှိလျက်ရှိပါကြောင်း၊
အာဆီယံနှင့် အာရှဒေသတွင်းတွင် ယခုကဲ့သို့ အလျင် အမြန်ဖွံ့ဖြိုးတိုးတက်မှုများကြောင့်
ယခင်ကဖြစ်နိုင်မည်ဟု မစဉ်းစားခဲ့ဖူးသည့် ကုန်သွယ်မှုဆက်ဆံ ရေးအစီအစဉ်သစ်များနှင့် နည်းပညာဖန်တီးမှုအသစ်များကို
ပေါ်ထွန်းစေခဲ့သည့်အပြင် ပြည်သူများ၊ ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ အရင်းအနှီးများနှင့်
အကြံဉာဏ်များ ကူးလူးသွားလာဆက်နွယ်မှုများ ကိုလည်း ဖြစ်ပေါ်စေခဲ့ပါကြောင်း။
ယခုလို ဒေသဖွံ့ဖြိုးတိုးတက်မှုတွင်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စီးပွားရေးအလျင်အမြန် ဖွံ့ဖြိုးမှု၊ ဒေသတွင်းပေါင်းစည်းမှုနှင့်
တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှုများသည် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်လျက်ရှိပါကြောင်း၊
ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုသည် အလုပ်အကိုင်အခွင့် အလမ်းများစွာကို ဖန်တီးပေးပြီး ပြည်သူများ၏
ဝင်ငွေနှင့်လူနေမှုဘဝ ပိုမိုတိုးတက်မြင့်မားလာ စေသည့်အတွက် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ရှိသည့်
သန်းပေါင်းများစွာသော ပြည်သူများကို အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊ အာဆီယံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏
ငြိမ်းချမ်းသည့်ဖွံ့ဖြိုးတိုးတက်မှုက အကျိုးအမြတ်များစွာရရှိခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသည်
အာဆီယံ၏ အရေးအပါဆုံး ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ အာဆီယံတွင် အများဆုံး
ရင်းနှီးမြှုပ်နှံလျက်ရှိသည့် နိုင်ငံလည်းဖြစ်ပါကြောင်း၊ “အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်
ရေးသဘောတူစာချုပ်”နှင့် မကြာသေးမီကချုပ်ဆိုလိုက်သည့် “အာဆီယံ-ဟောင်ကောင်(တရုတ်) လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်”
တို့သည် အာဆီယံနှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ၏ ကုန်သွယ်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေပါကြောင်း။
မိမိတို့အနေဖြင့်
ယခုလိုအပြုသဘောဆောင်သည့် အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်း သွားရန်လို အပ်သကဲ့သို့ မိမိတို့၏
ရည်မှန်းချက်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် နှစ်ဖက်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ (၁)ထရီလီယံနှင့်
ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ (၁၅၀)ဘီလီယံ ပြည့်မီစေ ရန် နှစ်ဆတိုးကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား
စီးပွားကုန်သွယ်မှုဆက်ဆံရေး တိုးတက်လာ သည်နှင့်အမျှ မြန်မာနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏
နှစ်နိုင်ငံကုန်သွယ်မှုသည်လည်း တိုးတက် လျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည်
မြန်မာနိုင်ငံ၏ အရေးအပါဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်သကဲ့သို့ ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံလျက်ရှိသည့်
နိုင်ငံလည်းဖြစ်ပါကြောင်း၊ မိမိတို့အနေ ဖြင့် လာမည့်နှစ်များတွင်လည်း နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု
ပိုမိုတိုးတက်ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
အားလုံးသိကြပြီးဖြစ်သည့်အတိုင်း
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခင်းအကျင်းသစ်က တရုတ် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင်
ဒေသတွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် အခွင့် အလမ်းသစ်များ ဖန်တီးပေးလျက်ရှိပါကြောင်း၊
မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်သည် ပိုမို လွတ်လပ်ပွင့်လင်းပြီး ရင်းနှီးမြှုပ်နှံသူအားလုံးနှင့်
၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုအကာ အကွယ်ပေးသွားမည်ဖြစ်ပါကြောင်း။
ကမ္ဘာ့စီးပွားရေးချိန်ခွင်လျှာသည်
ကမ္ဘာ့အရှေ့ပိုင်းဒေသများဆီကို ရွေ့လျားနေသည့်ကာလ တွင် မြန်မာနိုင်ငံသည် ပထဝီအနေအထားအရအရေးပါသည့်
နေရာတွင်တည်ရှိပြီး သင့်တင့်မျှတ သည့်လုပ်အားခနှင့် သင်ယူတတ်မြောက်လွယ်သည့် လုပ်သားအင်အားစုများစွာ
ပိုင်ဆိုင်ထားသည့် အတွက် ယင်းအခွင့်အလမ်းကောင်းများကို အမိအရဆုပ်ကိုင်ရန် အခွင့်အခါအကောင်းဆုံး
အချိန်ပင် ဖြစ်ပါကြောင်း။
အာဆီယံနှင့်တရုတ်ပြည်သူ့
သမ္မတနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ကြရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက အဆိုပြုသည့်အစီအစဉ်များ၊
အထူးသဖြင့် Blue Economy နှင့် အဆင့်မြင့်မြို့တော် တို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊
အာဆီယံ-တရုတ် လူငယ်ခေါင်းဆောင်များအတွက် ပညာသင်ဆု အစီအစဉ်၊ ၂၀၁၉ ခုနှစ်ကို သတင်းမီဒီယာဖလှယ်ရေးနှစ်အဖြစ်
သတ်မှတ်ခြင်းနှင့် ၂၀၂၀ ပြည့်နှစ်ကို အာဆီယံ-တရုတ်ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှစ်အဖြစ်
သတ်မှတ်မည့် အစီအစဉ် စသည်တို့ကို မြန်မာနိုင်ငံအနေဖြင့် ထောက်ခံကြိုဆိုပါကြောင်း၊ ထို့ပြင်
တရုတ်-အာဆီယံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပေးမည့် လက်ရှိအစီအစဉ်များကိုလည်း
မြန်မာနိုင်ငံအနေဖြင့် ထောက်ခံကြောင်းပြောကြားလိုပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့်
အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် ၏“လုပ်ငန်းစီမံချက်(၃)”နှင့် “အာဆီယံပေါင်းစည်းဆက်သွယ်မှုမဟာစီမံကိန်း-၂၀၂၅”
ကြိုးပမ်းမှုနှင့် “အာဆီယံ ပေါင်းစည်းမှုလုပ်ငန်းစဉ်”တို့ကို ဆက်လက်ကူညီပံ့ပိုးပေးသည့်အတွက်
ကျေးဇူးတင်ရှိပါ ကြောင်း။
မိမိတို့အနေဖြင့်
တရုတ်ပြည်သူသမ္မတနိုင်ငံနှင့် နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာ စာအောက်တွင်
ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း။
ဒေသတွင်းပေါင်းစပ်ဆက်သွယ်မှုသည်
အာဆီယံအသိုက်အဝန်း တည်ထောင်ရေးအတွက် အဓိကကျသည့် အစိတ်အပိုင်းတစ်ခုဖြစ်သကဲ့သို့ ဒေသတွင်းစီးပွားရေးတိုးတက်မှုနှင့်
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူဖြစ်စေသည့်အကြောင်းအရာတစ်ခုလည်း ဖြစ်ပါကြောင်း။
နိုင်ငံများအကြား
အခြေခံအဆောက်အအုံ ဆက်သွယ်မှုကောင်းမွန်လာခြင်း၊ အထူးသဖြင့် လမ်းမကြီးများ၊ ဆိပ်ကမ်းများနှင့်
ရထားလမ်းများ၊ ဘဏ္ဍာရေးနှင့် ဘဏ်စနစ်များတည်ဆောက် ခြင်းနှင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ခြင်းတို့သည့်
ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု နှင့် ပြည်သူများအကြား ကူးလူးဆက်သွယ်မှုများ
ပိုမိုတိုးမြင့်ရန်အတွက် အရေးပါသည့်ကိစ္စရပ်များ ဖြစ်ကြပါကြောင်း။
ထို့ကြောင့် (၁၆)ကြိမ်မြောက်
တရုတ်-အာဆီယံကုန်စည်ပြပွဲအတွက် “တူညီအနာဂတ်ဖော် ဆောင်ဖို့ရပ်ဝန်းနဲ့ပိုးလမ်းမလမ်းကြောင်းထူထောင်စို့”
ဆိုသည့် ဆောင်ပုဒ်ကို ရွေးချယ်သတ်မှတ်ခြင်း သည် အချိန်ကိုက်ဖြစ်ပြီး လျော်ကန်သင့်မြတ်မှုရှိပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏
ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် ကုန်သွယ်မှုမြှင့်တင်ရန်နှင့် ဒေသတွင်းနိုင်ငံများအကြား
ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရန်တို့အတွက် အခွင့်အလမ်းများကို ဖော် ဆောင်ပေးမည့် ကောင်းမွန်သည့်
အခြေခံအဆောက်အအုံနှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ အထောက်အပံ့ များကို ဖြည့်ဆည်းပေးနိုင်မည်ဟု
ယုံကြည်ပါကြောင်း။
ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းများကို
ပါဝင်သည့်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်နှင့် ဦးစားပေးလုပ်ငန်းများနှင့်အညီ
အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက အရည်အသွေးမြင့် အခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည်
ဒေသအတွင်း အခြေခံအဆောက် အအုံကွာဟချက်များကို ဖြေရှင်းရာတွင် ပိုမိုအထောက်အကူဖြစ်စေမည်ဟု
မြန်မာနိုင်ငံအနေဖြင့် ယုံကြည်ထားပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့်
“မြန်မာ-တရုတ်စီးပွားရေးစင်္ကြံ”၊ “မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုဇုန်”၊
“ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်”၊ “မဲခေါင်-လန် ချန်းပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်”များကို
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အတူတကွ ဆောင် ရွက်လျက်ရှိပါကြောင်း၊ ယခုလို ပူးပေါင်းဆောင်ရွက်ရာတွင်
စီးပွားရေးအရအကျိုးဖြစ် ထွန်းမှုရှိပြီး လူမှု ရေးအရတာဝန်ယူမှုရှိကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို
မထိခိုက်စေဘဲ ဒေသခံပြည်သူများကို အကျိုးပြုစေရန်အတွက် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့်အစီအစဉ်များနှင့်
ဦးစားပေးလုပ်ငန်းစဉ်များ နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့အနေဖြင့်
အာဆီယံ၏ “ပေါင်းစည်းဆက်သွယ်မှုမဟာစီမံကိန်း ၂၀၂၅” နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏
“ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း”တို့၏ ဦးစားပေးလုပ်ငန်းများအကြား ဟန်ချက်ညီ ပြီးသဟဇာတဖြစ်စေရန်အတွက်
ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် နည်းလမ်း များကို ရှာဖွေ ဖော်ထုတ်သွားရန်
လိုအပ်ပါကြောင်း၊ ဦးစားပေးလုပ်ငန်းများအကြား သဟဇာတဖြစ်လာသည်နှင့်အမျှ နှစ်နိုင်ငံကုန်သွယ်မှု၊
ဒေသအချင်းချင်းကုန်သွယ်မှုနှင့် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကြား ပေါင်းကူးဆက်သွယ်မှုများ
တိုးတက်လာမည်ဖြစ်သကဲ့သို့ နှစ်ဦးနှစ်ဖက်အကျိုးရှိစွာ ပူးပေါင်း ဆောင်ရွက်ရန်နှင့် အားလုံးသာယာဝပြောရန်အတွက်
အခွင့်အလမ်းကောင်းများလည်း ပေါ်ပေါက် လာမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့်
ယခုကျင်းပသည့် “(၁၆) ကြိမ်မြောက်တရုတ်-အာဆီယံကုန်စည်ပြပွဲ”၏ ဆောင်ပုဒ်နှင့်အညီ နှစ်လိုဖွယ်ရာမြို့အဖြစ်
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ကို ရွေးချယ်ပြီး မြန်မာ အမျိုးသားပြခန်းဆောင်ကို ခင်းကျင်းပြသထားခြင်းဖြစ်ပါကြောင်း။
မြန်မာကုန်စည်ပြခန်းဆောင်တွင်
မြန်မာ့ထွက်ကုန်ပစ္စည်းများဖြစ်သည့် လယ်ယာထွက်ကုန် ပစ္စည်းများ၊ သစ်တောထွက်ကုန်ပစ္စည်းများ၊
ကျောက်မျက်ရတနာပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်း များစသည်တို့ကိုပါဝင်ပြသသွားမည်ဖြစ်သကဲ့သို့
မြန်မာ့ပို့ကုန် မြှင့်တင်ရေးဆွေးနွေးပွဲ တစ်ရပ်ကို လည်း ကျင်းပမည်ဖြစ်ပါကြောင်း။
မိမိတို့ကိုဖိတ်ကြားပြီး
နွေးထွေးစွာဧည့်ဝတ်ပျူငှာပြုသည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်
တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီ ယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးကို
စီစဉ်ကျင်းပသူများကို ကျေးဇူးတင် ရှိကြောင်း ပြောကြားသည်။
ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံ
ဒုတိယဝန်ကြီးချုပ် Mr. Hor Namhong ၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Sonexay
Siphandone ၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီး
Mr. Jurin Laksanavisit နှင့် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Vu Duc Dam တို့က
မိန့်ခွန်းပြောကြားကြသည်။
ထို့နောက် တရုတ်နှင့်
အာဆီယံနိုင်ငံများရှိ မီဒီယာကိုယ်စားလှယ်များက ASEAN-China TV Week တရားဝင်ဖွင့်လှစ်သည့်
အစီအစဉ်ကို ကျင်းပသည်။
ယင်းနောက် ယခုနှစ်အတွက်
အထူးမိတ်ဖက်နိုင်ငံဖြစ်သည့် ပိုလန်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Mr.
Marcin Ociepa ၊ Asian Infrastructure Investment Bank (AIIB) ဥက္ကဋ္ဌ နှင့်
Xiaomi ကုမ္ပဏီဥက္ကဋ္ဌတို့က မိန့်ခွန်းများပြောကြားကြပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
လာကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့
ခေါင်းဆောင် အကြီးအကဲများက (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၁၆)ကြိမ်
မြောက် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို ဖွင့်လှစ်ပေးကြ
သည်။
ထို့နောက် ဒုတိယသမ္မတသည်
အဖွဲ့ဝင်များနှင့်အတူ လိယွမ်အစိုးရဧည့်ဂေဟာသို့ ရောက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ
သတင်းမီဒီယာများဖြစ်ကြသည့် People’s Daily ၊ Xinhua News Agency ၊ China Global
Television Network (CGTN) ၊ China Central Television (CCTV) International
Online ၊ China News Service ၊ China Daily ၊ Guangxi Daily ၊ Guangxi Television
Station နှင့် China-ASEAN Panorama Magazine တို့မှ သတင်းမီဒီယာသမားများ အား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် သတင်းမီဒီယာသမားများက
မေးမြန်းသည့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု နှင့်စီးပွားရေးနှင့်ကုန်သွယ်ရေး
အပြန်အလှန်ဖလှယ်လုပ်ဆောင်မှုရလဒ်၊ တရုတ်-မြန်မာစီးပွားရေး စင်္ကြန် တစ်လျှောက် စီမံကိန်းများပိုမိုဆောင်ရွက်နိုင်ရေးအတွက်
အစည်းအဝေးများကျင်းပခဲ့မှုနှင့် မြန်မာနိုင်ငံ အနေဖြင့် ရရှိခဲ့သည့်ရလဒ်များ၊
CAEXPO သည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြား နိုင်ငံရေး အရအပြန်အလှန်ယုံကြည်မှု၊
စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် နယ်ပယ်စုံပူး ပေါင်းဆောင်ရွက်မှုများ
တိုးမြှင့်ခြင်းတို့တွင် ပါဝင်ပတ်သက်မှုနှင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ဒေသသည် တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှုတွင်ပါဝင်မှု အခန်းကဏ္ဍ စသည့် မေးခွန်းများနှင့်
စပ်လျဉ်း၍ ပြန်လည် ဖြေကြားခဲ့သည်။
ယင်းနောက် ဒုတိယသမ္မတဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်ကွန်မြူ နစ်ပါတီ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မတီ
အမြဲတမ်းကော်မတီဝင်နှင့် နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မတီ အတွင်းရေးမှူး H.E.Mr.Huang
Shiyong လိုက်ပါလျက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် Guangxi Academy of
Agricultural Sciences သို့ရောက်ရှိရာ စိုက်ပျိုးရေး သုတေသန ပျိုးဥယျာဉ်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်
Mr. Tan Hongwei နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် Guangxi Academy of Agricultural Sciences အတွင်း ခေတ်မီစိုက်ပျိုးရေးသုတေသနများ ပြုလုပ်ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့် Guangxi Academy of Agricultural Sciences ရှိ ပြခန်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် Guangxi Academy of Agricultural Sciences အတွင်း ခေတ်မီစိုက်ပျိုးရေးသုတေသနများ ပြုလုပ်ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့် Guangxi Academy of Agricultural Sciences ရှိ ပြခန်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။
ညနေပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည်
နန်နင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး သို့ရောက်ရှိပြီး ကောင်စစ်ဝန်ချုပ်
ဦးစိုးသက်နောင်နှင့် ဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ပညာတော်သင်ရောက်ရှိနေကြသော
ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားသည်။
(သတင်းစဉ်)
No comments:
Post a Comment