ရန်ကုန်၊ စက်တင်ဘာ ၂၁
ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်
မြန်မာနိုင်ငံ သတင်းစာ ထုတ်ဝေသူများနှင့် ပတ်လည်ပုံနှိပ်စက် လုပ်ငန်းရှင်များ အသင်းမှ
တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးမှုကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ
ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးရဲနိုင်နှင့်
တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းစာ ထုတ်ဝေသူများနှင့် ပတ်လည်ပုံနှိပ်စက် လုပ်ငန်းရှင်များ
အသင်းဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကို နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံသတင်းစာထုတ်ဝေသူများ
နှင့် ပတ်လည်ပုံနှိပ်စက် လုပ် ငန်းရှင်များအသင်း ကို သတင်းစာထုတ်ဝေသူများ၊ ပတ်လည် ပုံနှိပ်စက်
လုပ်ငန်းရှင် များနှင့် ဆက်စပ်လုပ်ငန်းရှင်များ စုပေါင်း၍ ဖွဲ့စည်း ထားရှိမှု၊ အသင်းအနေဖြင့်
လူမှုရေးကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်မှုမှသည် စီးပွားရေးအဖွဲ့အစည်း တစ်ခု အဖြစ်
ရေရှည်တည်တံ့ အောင်မြင်စေရန်နှင့် လုပ်ငန်းတွင် ကြုံတွေ့ ရမည့် အခက်အခဲ များကို စုပေါင်းဖြေရှင်းမှုဖြင့်
ကာကွယ်နိုင်ရန် စသည့် ရည်ရွယ်ချက်များထားရှိမှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ
လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးစေလိုမှု နှင့် ပုံနှိပ်လောက အပါအဝင် မီဒီယာကဏ္ဍ ဖွံ့ဖြိုး
တိုးတက်ရေးဆိုင်ရာ များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment