Friday, September 20, 2019

၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ပဉ္စမနေ့တွင် ယူရိုငွေ ၄၁ ဒသမ ၂၄၆ သန်းတန်ဖိုးရှိ ကျောက်စိမ်းအတွဲ(၁၀၉၁)တွဲ ရောင်းချ


နေပြည်တော် စက်တင်ဘာ ၂၀
၂၀၁၉ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမနှင့် မဏိရတနာ ကျောက်စိမ်းဝန်း အတွင်း၌ ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲ (၁၀၉၁) တွဲကို အိတ်ဖွင့်တင်ဒါစနစ် ဖြင့်ရောင်းချနိုင်ခဲ့သည်။

ယနေ့ နံနက် ၇ နာရီမှစတင်၍ ကျောက်စိမ်း အတွဲအမှတ် (၁) မှ (၁၃၁၁) အထိ ကျောက်စိမ်းတွဲ များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲ (၁၀၉၁)တွဲ ကို ယူရိုငွေ ၄၁ ဒသမ ၂၄၆ သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။
ပြပွဲတွင် ပြည်တွင်းပြည်ပ ရတနာကုန်သည်များက ဆက်လက်ရောင်းချသွားမည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လှည့်လည်ကြည့်ရှုကြပြီး ဈေးနှုန်းတင်သွင်းလွှာ (Bidding Form) များကို တင်ဒါပုံးများအတွင်း ထည့်သွင်းကြသည်။
စက်တင်ဘာ ၂၁ ရက်တွင် ကျောက်စိမ်း အတွဲအမှတ် (၁၃၁၂) မှ (၂၆၁၁) အထိ ကျောက်စိမ်း အတွဲပေါင်း (၁၃၀ဝ) ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ကျောက်စိမ်း အတွဲအမှတ် (၂၆၁၂) မှ (၃၉၁၁) အထိ ကျောက်စိမ်း အတွဲပေါင်း (၁၃၀ဝ) ကို စက်တင်ဘာ ၂၂ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်း အတွဲအမှတ် (၃၉၁၂) မှ (၅၂၁၁) အထိ ကျောက်စိမ်းအတွဲပေါင်း (၁၃၀ဝ) ကို စက်တင်ဘာလ ၂၃ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ် (၅၂၁၂) မှ (၆၅၁၁) အထိ ကျောက် စိမ်းအတွဲပေါင်း (၁၃၀ဝ) ကို စက်တင်ဘာ ၂၄ ရက်တွင် လည်းကောင်း၊ ကျောက်စိမ်း အတွဲအမှတ် (၆၅၁၂) မှ (၇၈၁၁) ထိ ကျောက်စိမ်း အတွဲပေါင်း (၁၃၀ဝ) ကို စက်တင်ဘာ၂၅ ရက်တွင်လည်းကောင်း အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း-မျိုးသူဟိန်း၊ ဓာတ်ပုံ-ကျော်ဇင်ထိုက်

No comments:

Post a Comment