Thursday, September 12, 2019

ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုမှ ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်း လုပ်သား ၁၆၀၀၀၀ ကျော်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်


ရန်ကုန် စက်တင်ဘာ ၁၁
ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုမှ ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်းလုပ် သား ၁၆၀၀၀၀ ကျော်ကို အလုပ် အကိုင် ဖန်တီးပေးနိုင် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့်အရ ယခုဘဏ္ဍာနှစ် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဩဂုတ် ၃၀ ရက်အထိ ၁၁ လ အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက် ၁၅၂ ခုမှ ပြည်တွင်း လုပ်သား ၁၇၀၀၀ ကျော်ကို အလုပ်အကိုင် ဖန်တီးပေး နိုင်ကြောင်း၊ ယခင်ခွင့်ပြုပြီး လုပ်ငန်းများမှလည်း လုပ်သားအင် အားတိုးမြှင့်ခြင်းကြောင့် ပြည်တွင်းလုပ်သား ၄၀ ကျော်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန၏ စာရင်းများအရ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့်အရ ယခုဘဏ္ဍာနှစ် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဩဂုတ် ၃၀ ရက်အထိ ၁၁ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက် ၂၅၂ ခုမှ ပြည်တွင်း လုပ်သား ၁၃၅၀၀၀ ကျော်ကို အလုပ်အကိုင် ဖန်တီးပေးနိုင် ကြောင်း၊ ယခင်ခွင့်ပြုပြီးလုပ် ငန်းများမှလည်း လုပ်သားအင်အား တိုးမြှင့်ခြင်းကြောင့် ပြည်တွင်းလုပ်သား ၁၃၀၀၀ ကျော်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုမှ ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်း လုပ်သားများကို အလုပ်အကိုင်ဖန်တီးပေးနိုင်သကဲ့သို့ ပြည်ပလုပ်သား ၄၆၀၀ ကျော်ကိုလည်း အလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုမှာယခုဘဏ္ဍာနှစ် ဆယ့်တစ်လအတွင်း အမေရိကန်ဒေါ်လာ ၃၃၅ ဒသမ ၈၃၄ သန်း အပါအဝင် ကျပ်သန်းပေါင်း ၁၁၁၆၆၁၉ ဒသမ ၄၇၆ သန်း ရရှိထားပြီး ယခင်လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၂၅ ဒသမ ၅၀၁ သန်းအပါအဝင် ကျပ်သန်းပေါင်း ၁၃၇၃၆၁၉ ဒသမ ၅၁၅ သန်း ရရှိထားကြောင်းသိရသည်။
အလားတူ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မှာလည်း ယခုဘဏ္ဍာနှစ် ဆယ့်တစ်လအတွင်း အမေရိကန်ဒေါ်လာ ၂၅၅၀ ဒသမ ၇၇၃ သန်းရရှိထားပြီး ယခင်လုပ်ငန်းများမှ ရင်းနှီးမြှုပ် နှံမှုတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၈၇၆ ဒသမ ၃၅၂ သန်း ရရှိထား ကြောင်း သိရသည်။
ငြိမ်းငြိမ်း

No comments:

Post a Comment