Thursday, September 19, 2019

ပထမအကြိမ် တရုတ် - အာဆီယံ ရုပ်မြင်သံကြား ရက်သတ္တပတ်နှင့် တရုတ် - အာဆီယံ ထင်ရှားကျော်ကြား ရုပ်ရှင်ဇာတ်ဝင် တေးပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ


နေပြည်တော် စက်တင်ဘာ ၁၉

ပထမအကြိမ် တရုတ်-အာဆီယံ ရုပ်မြင်သံကြား ရက်သတ္တပတ်ဖွင့်ပွဲ အခမ်းအနားနှင့် တရုတ်-အာဆီယံ ထင်ရှားကျော်ကြား ရုပ်ရှင်ဇာတ်ဝင်တေး ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ ကွမ်ရှီးအသံနှင့် ရုပ်မြင် သံကြားဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ပြန်ကြားရေးဆိုင်ရာ တာဝန်ရှိသူများ၊ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီ အမြဲတမ်း အတွင်းဝန် ပြန်ကြားရေးဝန်ကြီးဌာနမှ မစ္စစ်ဖန့်ရှောင်လိ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်အသံနှင့် ရုပ်မြင်သံကြားဦးစီးဌာန နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စစ်မာလိ၊ ကွမ်ရှီးအသံနှင့် ရုပ်မြင် သံကြားဌာန ညွှန်ကြားရေးမှူးချုပ် မစ္စစ် ကျန်းဟုံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို တရုတ်နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ပြီး တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အနုပညာရှင်များက တေးသီချင်းများ၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment