တနင်္သာရီ
စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး
မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ဩဂုတ် လ (၂၇)ရက်မှစ၍ မြစ်ရေ ပြန်ကြီး သဖြင့် ရေကြီးနစ်မြုပ်ခဲ့သော
ကျေးရွာများရှိ ရေကြီးနစ်မြုပ်အိမ်ထောင်စုဝင်များအား ယမန်နေ့ နံနက် (၁ဝ) နာရီမှစ၍
ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး ဦးဆောင်ပြီး
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးညီညီဝင်းနှင့်ဝန်ထမ်းများ
လိုက်ပါလျက် ယူနီဆက်မှပေးပို့သည့် ကယ်ဆယ်ရေးပစ္စည်းများကို ကျေးရွာများသို့ သွားရောက်
ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ထောက်ပံ့ပေးအပ်ရာတွင်
တမုတ်ချုန်းကျေးရွာအုပ်စုမှ ကျောက်မီးကျောင်းကျေးရွာ၊ မြန်မာ အင်းတော် ကျေးရွာ နှင့်သစ်တပင်ကျေးရွာ၊
ကျောက်တလုံးကျေးရွာ အုပ်စု-မြေမအုံကျေးရွာ၊ ဆင်ခြေဖုန်း ကျေးရွာအုပ်စုမှ ဘန်းသဲကျေးရွာ၊
ညောင်ပင်ကွင်းကျေးရွာအုပ်စု- ပျို့အိုင်ကျေးရွာတို့ရှိ ရေကြီး နစ်မြုပ် အိမ်ထောင်စု(၂၁ဝ)စု
တို့အား Hygiene Kits (ကျန်းမာရေးသုံး ပစ္စည်းထုပ်)(၂၁ဝ)ထုပ် ၊ 20L Buckets (၂ဝလီတာဆံ့
ရေပုံး) (၇၁)ပုံး နှင့် ရေသန့်ဆေးမှုန့်(၂၉၃ဝ)ထုပ်တို့ကို အဆိုပါကျေးရွာများသို့ သွားရောက်ပြီး
ရေဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

No comments:
Post a Comment