ရန်ကုန် စက်တင်ဘာ ၁၂
အစားအသောက် ထုတ်လုပ်ရေးနှင့် စပ်လျဉ်းသည့် အခက်အခဲများ၊ အခွင့်အလမ်း
များကို ဆွေးနွေးနိုင်ရန်အတွက် အစားအသောက် ဘေးကင်းရေးဆိုင်ရာ ဖိုရမ်ကို
ကမာရွတ်မြို့နယ်ရှိ ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမ၌ စက်တင်ဘာ ၂၈ ရက် နံနက် ၉
နာရီ မှ ညနေ ၅ နာရီအထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ဖိုရမ်သို့ မြန်မာနိုင်ငံအတွင်းမှ သီးနှံစိုက်ပျိုးသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ နို့နှင့်နို့ထွက် ပစ္စည်းလုပ်ငန်း၊ စားသောက်ဆိုင်များ၊ အသင့်စား အစား အစာလုပ်ငန်းများ၊ အဖျော်ယမကာ လုပ်ငန်းများ၊ ကိတ်မုန့်၊ ပေါင်မုန့်နှင့် မုန့်အမျိုး မျိုးလုပ်ငန်းများ စသည့် အစားအသောက် ကဏ္ဍပေါင်းစုံမှ စားသောက်ကုန်များ ထုတ်လုပ်ရောင်းချနေသော ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၊ အရည်အသွေး စမ်းသပ်စစ်ဆေးရေးဌာနများမှ တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ဖိုရမ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)၊ စားသုံး သူရေးရာဦးစီးဌာန (DOCA)၊ လွှတ်တော်ကော်မတီများမှ တာဝန်ရှိသူများ၊ WHO နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပညာရှင်များနှင့် သံရုံးများမှ အစား အသောက်ဆိုင်ရာ ပညာရှင်များ တက်ရောက်ဟောပြောကြမည်ဖြစ်ပြီး ဖိုရမ်တွင် ဆွေးနွေးမည့် ခေါင်းစဉ်များမှာ GMP and HACCP in Food Processing, Food Hygiene and Sanitation , Food Labelling and Consumer Relations , Legal Frameworks and Compliance တို့ဖြစ်သည်။
အဆိုပါဖိုရမ်ကို Myanmar Innovative Life Sciences (MILS)၊ မြန်မာစားသုံးသူများသမဂ္ဂနှင့် အစာအာဟာရ ဆိုင်ရာ သိပ္ပံနှင့် နည်းပညာအသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး သီးနှံနှင့် စားသောက်ကုန် စိုက်ပျိုး ထုတ်လုပ်သူများ ကလည်း ထုတ်လုပ်မှုများတွင် လက်ရှိရင်ဆိုင်ကြုံတေွ့နေရသည့် အခက်အခဲများနှင့် အခွင့်အလမ်းများကို မေးမြန်းဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
အောင်သူရ

No comments:
Post a Comment