နေပြည်တော်
စက်တင်ဘာ
၁၃
အမျိုးသားသဘာဝဘေး
အန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊
လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာနပြည်ထောင်စု
ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင်
ညောင်လေးပင်မြို့နယ်၊
မဒေါက်မြို့၊
မဒေါက်တိုင်တရာ
ဘုန်းတော်ကြီးကျောင်းသို့
ရောက်ရှိပြီး
ကျောင်းထိုင်
ဘုန်းတော်ကြီးအား
ဖူးမြော်ကြည်ညို၍
အလှူငွေဆက်ကပ်လှူဒါန်းသည်။
ဆက်လက် ၍ ဘုန်းတော်ကြီး ကျောင်း၌ ဖွင့်လှစ်ထားသော ယာယီရေဘေးရှောင်စခန်းရှိ
ပြည်သူ များအား တွေ့ဆုံအားပေးစကား ပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ညောင်လေးပင်မြို့နယ်
အတွင်းရှိ ရေဘေးသင့်ပြည်သူ (၄၆၀၉)ဦးအတွက်ဆန်ရိက္ခာဘိုးငွေကျပ်(
၉,၆၇၈,၉၀၀ ) ၊ညောင်လေး ပင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှု
ကော်မတီကို တာပေါ်လင်လိပ် (၂၅)လိပ်၊ ရွှေကျင်မြို့နယ်အတွင်းရှိ
ရေဘေးသင့်ပြည်သူ
(၁၃၇၈)ဦး အတွက်ဆန်ရိက္ခာဘိုး
ငွေကျပ်(၂,၈၉၃,၈၀၀)နှင့် ရွှေကျင်မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကို ကယ်ဆယ်ရေးဖိုင်ဘာ စက်လှေ(၁)စီး အတွက် ငွေကျပ်(၄၅) သိန်းနှင့် တာပေါ်လင်လိပ် (၂၅)လိပ်တို့ကို ထောက်ပံ့ရာ သက်ဆိုင်ရာမြို့နယ်
အလိုက်တာဝန်ရှိ
သူများက လက်ခံကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်
ကလေးငယ်များ အားကစား စရာနှင့် အာဟာရမုန့်များ ပေးဝေးခဲ့ကြသည်။
ဆက်လက်ပြီး
ညောင်လေးပင်မြို့နယ်၊
ရေကျော်လေးကျေးရွာရှိကျေးရွာ
ချင်းဆက် ဘိုင်းဒါး ချောင်းကူးတံတားပေ(၄၀)ခန့် မျောပါပျက်စီးလျက်ရှိရာ
ပြုပြင်တည်ဆောက်
ရန် ငွေကျပ်(၂၅)သိန်းကိုထောက်ပံ့ခဲ့သည်။
အဆိုပါချောင်းကူးတံတားသည်
ရေကျော် လေးကျေးရွာ တောင်ဘက်ကမ်းနှင့်မြောက်ဘက်ကမ်းကို
ဆက်သွယ်ပေးထားရာ
ကိုးထောင် ပေါက်ကျေးရွာနှင့် ဘိုင်းဒါးကျေးရွာများရှိပြည်သူများ
နေ့စဉ်ကူလူး သွားလာလျက်ရှိကြပြီး
ကျောင်းသား၊ ကျောင်းသူ (၂၀၀)ကျော်ဖြတ်သန်း သွားလာအသုံးပြုနေရသော
ကျေးရွာ ချင်းဆက် တံတားဖြစ်သည်။
ထို့နောက်
ပဲခူးမြို့နယ်၊မြို့သစ်ရပ်ကွက်၊
ကြခတ်ဝိုင်းတောရဘုန်းကြီးကျောင်း၌
ဖွင့်လှစ်ထားသော
ယာယီရေဘေးရှောင်စခန်းသို့
ရောက်ရှိပြီးပဲခူးမြို့၊
မြို့သစ်ရပ်ကွက်ရှိ
ရေဘေးရှောင်ပြည်သူ
(၁၀၁၆) ဦးအတွက် စားနပ်ရိက္ခာဘိုးငွေကျပ်
(၂၁၃၃၆၀၀) ကို ထောက်ပံ့ပြီး ကလေးငယ်များအားကစားစရာများနှင့်
အာဟာရမုန့်များ
ပေးဝေခဲ့သည်။
ယနေပိုင်း၌
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့
ရေဘေးကယ်ဆယ်ရေး
ကွပ်ကဲရေးရုံး
တည်ရှိရာ ဗုဒ္ဓအသံဓမ္မဗိမာန်သို့
ရောက်ရှိပြီး
ရေဘေး ရှောင်ပြည်သူများအတွက်
ထောက်ပံ့ငွေများနှင့်
ထောက်ပံ့ပစ္စည်းများကို
ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့သည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ထောက်ပံ့ရေးပစ္စည်းများ
သိုလှောင်ထားရှိမှုကို
လိုက်လံကြည့်ရှုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ပဲခူးမြို့ဆုတောင်းပြည့်
ရွှေမော်ဓော စေတီရှိ၊ မွန်ဓမ္မာရုံ၌ဖွင့်လှစ်ထားသော
ယာယီရေဘေးရှောင်စခန်းသို့
ရောက်ရှိပြီး
ဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ ကလေးငယ်များ အားကစားစရာနှင့် အာဟာရမုန့်များပေးဝေခဲ့ပြီး
ပြည်ထောင်စုဝင်ကြီးက
ယခုလို ရေကြီးရေလျှံမှုကြောင့်
ယာယီစခန်းများတွင်
လာရောက်ခိုလှုံစဉ်
ကူးစက်ရောဂါ များမဖြစ်စေရန် ကျန်းမာရေးအသိရှိကြရန်
လိုပါကြောင်း၊
ကလေးငယ်များအား
ရေဘေးဖြစ်ပွားပြီး
ဆောင်ရန်၊ ရှောင်ရန်လိုက်နာရန်များ
ကိုပြောပြ ထားရန် လိုကြောင်း၊စားသောက်ရိက္ခာများကို
လိုအပ်သလို ဆက်လက်ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း၊
စိုးရိပ်သောကမဖြစ်ကြရန်
အားပေးစကားပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး၊
ပဲခူးမြို့နယ်၊ညောင်လေးပင်မြို့နယ်၊
ရွှေကျင်မြို့နယ်တို့တွင်
ယနေ့စာရင်း အရကယ်ဆယ်ရေးစခန်း (၄၄)ခုဖွင့်လှစ်ထားပြီး၊
လူဦးရေ (၂၇၇၀၈) ဦး အတွက် ဆန်ရိက္ခာဖိုးငွေစုစုပေါင်းငွေကျပ်
(၅၈၁၈၀၅၀၀)၊တာပေါ်လင်လိပ် (၁၀၀) လိပ်၊ကျောင်းဝတ်စုံ
(၂၀၀၀)ကို ထောက်ပံ့ပေးခဲ့ကြောင်း
သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment