နေပြည်တော် ဩဂုတ် ၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ သန်းမြင့်နှင့် အဖွဲ့သည် စင်ကာပူသမ္မတနိုင်ငံ၌ ယမန်နေ့
နံနက်ပိုင်းက ကျင်းပသော United Nations Convention on International
Settlement Agreements on Mediation (Singapore Convention on Mediation)
လက်မှတ်ရေးထိုးပွဲနှင့်
High-Level Conference on Mediation and International Dispute Resolution အခမ်းအနား တို့သို့ တက်ရောက်သည်။
▲ ရင်းနှီးစွာတွေ့ဆုံ ▲
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စင်ကာပူနိုင်ငံ Shangri-La Hotel ၌ နိုင်ငံတကာမှ တက်ရောက်လာသော ဝန်ကြီးများနှင့်အတူ စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လုံးနှင့် ချစ်ကြည် ရင်းနှီးစွာ တွေ့ဆုံသည်။
▲ အမှာစကားပြောကြား ▲
Singapore Convention on Mediation အခမ်းအနား၌ စင်ကာပူ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးနှင့် က္ဘာ့ကုလသမဂ္ဂ ဥပဒေရေးရာ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် Mr. Stephen Mathias တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. Antonio Guterres က Video Conferencing ဖြင့် အဝေးရောက်အမှာစကား ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၇၀ ကျော်မှ ဝန်ကြီးများ၊ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပြီး အမေရိကန်၊ တရုတ်၊ အိန္ဒိယ အပါအဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးခဲ့ကြသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အိမ်ရှင် စင်ကာပူနိုင်ငံ၊ မလေးရှား နိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံနှင့် လာအိုနိုင်ငံ တို့မှ ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် အခြားအာဆီယံနိုင်ငံ များက အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက် အားပေးခဲ့ကြသည်။
▲ တက်ရောက် ▲
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲ ၁၂ နာရီခွဲတွင် နိုင်ငံတကာမှ ဆွေးနွေးပွဲ တက်ရောက် လာသော ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ နေ့လယ်စာ အလုပ်သဘော စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်သည်။ ဆက်လက်၍ Shangri-La Hotel အထူးဧည့်ခန်းမဆောင်၌ စင်ကာပူနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Mr. K Shanmugam SC နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Heng Swee Keat တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment