နေပြည်တော်
သြဂုတ် ၆
စင်ကာပူသမ္မတနိုင်ငံ၌ သြဂုတ် ၇ ရက်တွင်
ကျင်းပမည့် United Nations Convention on International Settlement Agreements လက်မှတ်ရေးထိုးပွဲ
အခမ်းအနားနှင့် High-Level Conference on Mediation and International Dispute Resolution
တို့သို့ တက်ရောက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာသန်းမြင့်နှင့် အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် စင်္ကာပူနိုင်ငံသို့
ထွက်ခွာသွားသည်။
အဆိုပါ UN Convention အခမ်းအနားအား
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဥပဒေဆိုင်ရာ ကုလသမဂ္ဂကော်မရှင် United Nations
Commission on International Trade Law (UNCITRAL) နှင့် စင်ကာပူနိုင်ငံ၊ ဥပဒေရေးရာဝန်ကြီးဌာနတို့မှ
ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ နိုင်ငံပေါင်း (၅၀) မှ အဆင့်မြင့်ကိုယ်စားလှယ်များ
တက်ရောက် သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment