နေပြည်တော် ဩဂုတ် ၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ
သံအမတ်ကြီး Mr. Nandimithra Ekanayake အား ယနေ့ နံနက်ပိုင်းတွင် အဆိုပါ
ဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများအား ပဋိသန္ဓေတည်သည်မှ စ၍ သက်ကြီးရွယ်အို အထိ (Life Cycle Approach)ဖြင့် ဆောင်ရွက်နေမှု၊ လိုအပ်သော ကျွမ်းကျင်ပညာရှင်များ မွေးထုတ် နိုင်ရေးအတွက် Social Work Institute တည်ထောင်ရန် စီစဉ်ဆောင်ရွက်နေမှု၊ လမ်းပေါ်နေကလေးများ၊ မူးယစ်ဆေးသုံးစွဲ သူများနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေး လုပ်ငန်း ဆောင်ရွက် နေမှု၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဆောင်ရွက်နေမှုများနှင့် ပြန်လည်နေရာ ချထားရေးလုပ်ငန်းစဉ် များအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ ပဋိပက္ခဆိုင်ရာ စီမံခန့်ခွဲမှု၊ လူမှုရေးဆိုင်ရာ လုပ်ငန်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့် Social Worker Exchange Program ကဲ့သို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment