Sunday, August 25, 2019

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်စုစုလွင်နှင့်အဖွဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ထွက်ခွာ





နေပြည်တော်၊ ဩဂုတ်၂၅

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဩဂုတ် ၂၅ ရက်မှ ၃၀ရက်အထိ ကျင်းပ မည့်(၄၀)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ (40th AIPA General Assembly)သို့ တက်ရောက်ရန်လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့အဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင် နှင့် အဖွဲ့သည် ယနေ့နံနက် ၇ နာရီ ၄၅မိနစ်တွင် ရန်ကုန်မြို့မှ ဘန်ကောက်မြို့သို့ လေကြောင်း ခရီးဖြင့် ထွက်ခွာကြသည်။


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်နှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ကြသည်။

အဆိုပါအဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု လွှတ်တော်၊ အာဆီယံပါလီမန် များညီလာခံဆိုင်ရာ ပူးပေါင်းကော် မတီဥက္ကဋ္ဌဦးဇော်သိန်း၊ နိုင်ငံတကာပါလီမန် များအဖွဲ့ ဆိုင်ရာပူးပေါင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာ သန်းဝင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ သွားကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment