Saturday, August 10, 2019

အမျိုးသားပြတိုက် (နေပြည်တော်) သို့ လာရောက်ကြည့်ရှု လေ့လာကြသော မြန်အောင်မြို့နယ် မြို့ရွှေကျောင်းပရဟိတ ကျောင်းသား/ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား



နေပြည်တော် ဩဂုတ် ၁၀
နေပြည်တော်ရှိ အမျိုးသားပြတိုက် (နေပြည်တော်) သို့ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ မြန်အောင်မြို့နယ် မြို့ရွှေကျောင်းပရဟိတမှ ဆရာတော်နှင့် အုပ်ချုပ်သူများ၊ ကျောင်းသား/ကျောင်းသူ များသည် ဩဂုတ် ၈ ရက် မွန်းလွဲပိုင်းတွင် လာရောက်ကြည့်ရှုလေ့လာကြသည်။

အဆိုပါ လေ့လာရေးအဖွဲ့အား အမျိုးသားပြတိုက်ရှိ Mini Theatre တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် လေ့လာရေးအဖွဲ့များသည် အမျိုးသားပြတိုက် (နေပြည်တော်) တွင် ခင်းကျင်းပြသထားသည့် ပြခန်းများကို လေ့လာ ကြည့်ရှုကြသည်။
(သတင်းစဉ်)

No comments:

Post a Comment