နေပြည်တော်
ဩဂုတ် ၆
တပ်မတော်နည်းဥပဒေများနှင့်အညီဖွဲ့စည်းခဲ့သည့်
ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်သည့် စုံစမ်း စစ်ဆေးရေးခုံရုံးသည်
ဘူးသီးတောင်နှင့် မောင်တောနယ်မြေအတွင်းရှိ ကွပ်ကဲမှုဌာနချုပ်များ၊ စစ်ဗျူဟာ အခြေချအဖွဲ့၊
တပ်ရင်းတပ်ဖွဲ့များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့နှင့် ရဲစခန်းများ၊
အကျဉ်း ထောင်နှင့် ကျေးရွာများသို့ နှစ်ကြိမ် သွားရောက်စစ်ဆေးခဲ့ကြောင်းနှင့်
စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့သည်
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေတွင် ဖြစ်ပွား ခဲ့သော
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် များနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို
စုံစမ်း စစ်ဆေး ရန်အတွက် ဘူးသီးတောင်နယ်မြေအတွင်းရှိ
ကွပ်ကဲမှုဌာနချုပ်တစ်ခုအပါအဝင် တပ်ရင်း/တပ်ဖွဲ့ သုံးခု၊ ရဲစခန်း သုံးခု၊
အကျဉ်းထောင်တစ်ခုနှင့် ကျေးရွာ ငါးရွာ တို့ကို လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများကို
ပထမ အကြိမ် သွားရောက်စစ်ဆေးခဲ့ကြောင်း။
စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့သည်
လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၅ ရက်တွင်
ဘူးသီးတောင်၊ မောင်တောနယ်မြေအတွင်းရှိ ကွပ်ကဲမှုဌာနချုပ်တစ်ခု၊ စစ်ဗျူဟာအဖွဲ့
(အခြေချ) တစ်ခု အပါအဝင် တပ်ရင်းသုံးခု၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နှစ်ခု၊
ပြည်နယ်ရဲတပ်ဖွဲ့တစ်ခုနှင့် ကျေးရွာ ၂၂ ရွာတို့သို့ သွားရောက်၍
လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများကို ဒုတိယအကြိမ် ပြုလုပ်ခဲ့ပြီး ဩဂုတ် ၅ ရက်တွင်
နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ ကြောင်း၊ စစ်ဆေး ဆောင်ရွက်ရာတွင် ဥပဒေ အကြံပေးအဖွဲ့၏
အကြံပြုချက်များကို ရယူဆောင်ရွက်ခဲ့ကြောင်းနှင့် လိုအပ်သည့်
စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏
သတင်း ထုတ်ပြန် ချက်အရ သိရသည်။
သတင်းစဉ်
No comments:
Post a Comment