Friday, August 9, 2019

ရုပ်သံထုတ်လွှင့်မှု စက်ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုမှု သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန် ဩဂုတ် ၈
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) တွင် JICA Project ဖြင့် တိုးချဲ့တပ်ဆင် ထားသော ရုပ်သံထုတ်လွှင့်မှု စက်ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုမှု သင်တန်း ဆင်းပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန် မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို (အေ) ၌ ကျင်းပသည်။

သင်တန်းတွင် Studio ၌ HD Camera ရိုက်ကူးမှု၊ Virtual စနစ် သုံးစွဲရိုက်ကူးမှု၊ Video Server နှင့် Video Wall သုံးစွဲမှု၊ Routing Switcher နှင့် Production Switcher ကိုင်တွယ်အသုံးပြုမှု၊ Computer Graphic များ ဖန်တီးမှု၊ Slow Motion အပါအဝင် Audio Mixer နှင့် Wireless Microphone များ သုံးစွဲမှု၊ Archiving မှတ်တမ်းများအတွက် Server System နှင့် ကွန်ရက်ချိတ်ဆက်မှုများ၊ တိုက်ရိုက် ထုတ်လွှင့်ယာဉ် မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်မှုများကို NHK Technologies, Inc. နှင့် NEC Corporation မှ ပညာရှင်များက ရက်သတ္တခြောက်ပတ်ကြာ သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် NEC Corporation မှ ပရောဂျက်မန်နေဂျာ Mr. Osamu Hashimoto က သင်တန်းဆင်း လက်မှတ်များကို ပေးအပ်သည်။
အဆိုပါသင်တန်းသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ရန်ကုန်နှင့် တပ်ကုန်း) တို့မှ သင်တန်းသား သင်တန်းသူ ၁၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment