နေပြည်တော် ဩဂုတ် ၈
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ
သံအမတ်ကြီး Mr. Jaroslav Dolecek အား ယနေ့ နံနက် ၁၀ နာရီ က
အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနှင့် ဥရောပနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုရှိစေရေးအတွက် ချက်သမ္မတနိုင်ငံမှ ပေါင်းကူးတံတားသဖွယ် ကြိုးပမ်းဆောင်ရွက်ပေးမှုနှင့် အတွေ့အကြုံများ မျှဝေဖလှယ်ပေးမှု၊ ချက်သမ္မတ နိုင်ငံကို ဆိုက်ရောက်ဗီဇာ (VOA) ခွင့်ပြုပေးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ အလုပ်သမားရေးရာနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများတွင် အတွေ့အကြုံ ကောင်းများ မျှဝေပေးနိုင်ရေးနှင့် အနွေးထွေးဆုံး ချစ်ကြည် ရင်းနှီးမှုဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ လုပ်ငန်းများ၌ အတွေ့အကြုံမျှဝေပေး နိုင်ရေးနှင့် မြန်မာနိုင်ငံ၏ ပကတိ အခြေအနေမှန်အား နိုင်ငံတကာအသိုင်းအဝိုင်းမှ သိရှိနားလည်နိုင်စေရေး အတွက် ရှင်းလင်းချပြပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment