နေပြည်တော်
၇ သြဂုတ်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊
ဖုံညိုလိပ်ကျေးရွာအနီး လုံခြုံရေး တပ်ဖွဲ့ဝင်များက AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်သူ ၁
ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း
နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် သြဂုတ် ၅ ရက် မွန်းလွဲ
၂ နာရီခွဲခန့်တွင် ဖုံညိုလိပ်ကျေးရွာ တံတားအနီး၌ မသင်္ကာဖွယ် လူ ၁ ဦးတွေ့ရှိသဖြင့်
ခေါ်ယူစစ်ဆေးရာ နေဇော်လင်း(ဘ)ဦးကျော်သန်း ဖြစ်ကြောင်းသိရပြီး စစ်ဆေးရာ ၎င်းကိုင်ဆောင်ထားသော
ဖုန်းအတွင်းရှိ Messenger မှ တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှားသွားလာမှုအား AA အဖွဲ့ထံ
အပြန်အလှန် ဆက်သွယ် ပေးပို့ထားသည့်စာများအား တွေ့ရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း။
၎င်းအား ဖုံညိုလိပ်နယ်မြေရဲစခန်းသို့အပ်နှံ၍
လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏
သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:
Post a Comment