ဖားကန့်
ဇူလိုင် ၂၈
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ယနေ့နံနက်ပိုင်းက
ဆိပ်မူကျေးရွာအုပ်စု ကရင်ချောင်ကျေးရွာအနီးရှိ စိန်လုံတောင် ကမ်းပါးယံ ပြိုကျမှုကြောင့်
ကုမ္ပဏီဝန်ထမ်း ၁၆ ဦးနှင့် ရဲတပ်ဖွဲ့ဝင် သုံးဦး သေဆုံးကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာ ရရှိကြောင်း
ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၂ နာရီခန့်က ဖားကန့်
မြို့နယ် ကရင်ချောင်ကျေးရွာအနီးရှိ ဒေသအခေါ် (စိန်လုံတောင်ကြော)မှ ပေ ၅၀၀ ခန့်အမြင့်ရှိသည့်
တောင်ကမ်းပါးယံ ပြိုကျသဖြင့် ရာဇဌာနီ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ ဝန်ထမ်း ၁၆ ဦးနှင့်
လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦးတို့ မြေစာပိ၍သေဆုံးခဲ့ကာ ရဲတပ်ဖွဲ့
ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရဲလုံခြုံရေး အဆောက် အဦသုံးလုံး၊ ဖိုးဝှီးကားတစ်စီးနှင့်
ရဲတပ်ဖွဲ့ဝင်များကိုင်ဆောင်သည့် လက်နက်နှင့်ခဲယမ်းများ မြေဖုံးလွှမ်းသွားခဲ့သည်။
သေဆုံးသူများမှာ ဇော်လင်း (၄၁နှစ်) ဂန့်ဂေါမြို့နယ်
မြင်သာကျေးရွာ၊ စိုင်းကျော်စိုး (၄၆နှစ်) ညောင်ရွှေမြို့နယ်၊ ကန်လောင်းကျေးရွာ၊ ဇော်လွမ်းအောင်
(၂၃နှစ်) မတူပီမြို့၊ ထက်အောင်ဖြိုး (၂၁ နှစ်) ပခုက္ကူမြို့နယ် ကြီးရွာအုပ်စု၊ ဟိန်းမင်းထက်
(၂၄နှစ်) ကောလင်းမြို့ ခွင့်တောင်းကျေးရွာ၊ ဇော်ဝေ (၂၂ နှစ်) မြိုင်မြို့နယ် သဒွတ်
ကျေးရွာ၊ နိုင်မင်း(၃၅ နှစ်) ဆားလင်းကြီး မြို့နယ် ဇာမဏီ(မ)ကျေးရွာ၊ ကြည်နိုင် (၄၄နှစ်)
ပုလဲမြို့နယ် တုန်းကန်ကျေးရွာ၊ သန်းဝေ(စိစစ်ဆဲ)၊ အမည်မသိသူ သုံးဦးနှင့် ရဲတပ်သား ပေါင်းကပ်ခွာတို့၏
ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိပြီး ဝင်းသိန်း (၄၁ နှစ်) ငဖဲမြို့ တပ်ကုန်းရပ်ကွက်၊
ထန်ဗျက်ဆန်း(၃၃နှစ်) ကလေးမြို့ သာယာကုန်း ကျေးရွာ၊ ကျော်လွင်ဦး (၄၁ နှစ်) ပျော်ဘွယ်မြို့နယ်
ယင်းတော်ကျေးရွာ၊ ပြေမင်း (၂၈နှစ်) မြိုင်မြို့နယ် ဆိတ်ချေးကျေးရွာနှင့် ရဲတပ်ကြပ်မျိုးမြင့်အောင်၊
ရဲတပ်သား အောင်ခိုင်ခန့်တို့ကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဖားကန့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး
မှ သိရသည်။
ဆက်လက်ရှာဖွေလျက်ရှိ
တောင်ကမ်းပါးယံ ပြိုကျရာနေရာသို့ ကချင်ပြည်နယ်
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း၊ နယ်မြေလုံခြုံရေးရဲတပ်ဖွဲ့မှ
ရဲမှူးကြီးကျော်အေးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးရာ ပျောက်ဆုံးနေသူများအား
ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)

No comments:
Post a Comment