နေပြည်တော် ဇူလိုင် ၃၁
ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန၏
မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်
နှင့် ညွှန်ကြားရေးမှူးချုပ် တို့က သတ်မှတ်ထားသော နေရာများတွင် ပိတောက်ပင်များကို
စိုက်ပျိုးခဲ့ကြပြီး အရာထမ်း၊ အမှုထမ်းများက ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊
ပိတောက်၊ ခရေ ၊ မန်ကျည်း စသည့် အဖိုးတန်သစ်မာပင်များနှင့် နှစ်ရှည်ပင် စုစုပေါင်း
(၂၅၀) ကို စိုက်ပျိုးကြသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၀န်ထမ်းများ
စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှုကာ ၀န်ကြီးဌာနမှ နှစ်အလိုက် စိုက်ပျိုးထားရှိပြီးဖြစ်သည့်
နှစ်ရှည်ပင်များ ရှင်သန်စေရေး ဂရုပြုထိန်းသိမ်းရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment