နေပြည်တော်
ဇူလိုင် ၃၀
ဒုတိယအကြိမ်
ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီ
တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ
သည်။
ယနေ့အစည်းအဝေးတွင်
ပြည်ထောင်စုလွှတ်တော်နာယကက ပြည်ထောင်စုသမ္မတမြန်မာ
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင်
အဖွဲ့ဝင် ပြောင်းလဲ တာဝန် ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ
မရှိသည့်အတွက် ကော်မတီ အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီးသန့်ဇော် အစား ဒုတိယဗိုလ်မှူးကြီးသန်းဦးလွင်
ကို အစားထိုးဖွဲ့စည်းမည်ဖြစ်ကြောင်းကြေညာသည်။
ထို့နောက်
ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် အမျိုးသား
စီမံကိန်းအစီရင်ခံစာနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံ စာအပေါ် ပြည်သူ့ငွေစာရင်း
ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီ ရင်ခံစာအပါအ၀င် လွှတ်တော်
ကိုယ်စား လှယ်များ၏ ဆွေးနွေးချက်နှင့်စပ်လျဉ်း၍ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်များက
ပြန်လည် ရှင်းလင်း ဆွေးနွေးကြသည်။
ကာကွယ်ရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ် က လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏ ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ငွေလုံးငွေရင်းအသုံးစရိတ်တွင်
မူလခန့်မှန်းခြေငွေစာရင်း၌ ၁၀၇၃ ဘီလီယံနှင့် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၌ ၁၂၉ ဘီလီယံ
စုစုပေါင်း ၁၂၀၂ ဘီလီယံ လျာထား၍ ပထမ(၆) လပတ် အသုံးစာရင်းတွင် ၄၄၉ ဘီလီယံ ဖြစ်သောကြောင့်
၃၇ ရာခိုင်နှုန်းသာ သုံးစွဲပြီး ဖြစ်သဖြင့် ပမာဏ နည်းနေ သည်ကိုတွေ့ရှိရကြောင်း၊ ကျန်လများတွင်
လျာထားချက် ပြည့်မီအောင် သုံးစွဲနိုင်ခြင်းရှိ၊ မရှိနှင့် ရန်ပုံငွေပြန်လည် အပ်နှံမှုများရှိပါက
အချိန်မီပြန်လည် အပ်နှံသွားရန် ဆွေးနွေး ချက်နှင့်စပ်လျဉ်း၍ ပထမ (၆)လပတ် သုံးစွဲထားရှိမှု
တွင် ၄၄၉ ဘီလီယံ ဖြစ်ပြီး မူလခန့်မှန်းခြေ ငွေစာရင်း ၁၀၇၃ ဘီလီယံနှင့် နှိုင်းယှဉ်ပါက
၄၂ ရာခိုင် နှုန်း သုံးစွဲပြီးဖြစ်ပါကြောင်း၊ ပထမ (၆)လပတ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်
အဆောက် အဦ ဆောက်လုပ် မည့်မြေနေရာ လျာထားရွေးချယ်ခြင်း၊ ဝယ်ယူရေးလုပ်ငန်း များ နှင့်
ပတ်သက်၍ တင်ဒါခေါ် ယူခြင်းများအား အဆင့်ဆင့်စိစစ်ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့
ပါကြောင်း။
သို့ရာတွင်
ဇန်နဝါရီ ၊ ဖေဖော်ဝါရီနှင့် မတ်လများအတွက် အမေရိကန်ဒေါ်လာ(၈၀၈၅၉၄၅၂) နှင့်ညီမျှသည့်
ငွေကျပ် ၁၂၄ ဒသမ ၅၂၃ ဘီလီယံ လျှောက်ထားခဲ့ရာ ဧပြီလမှသာ ခွင့်ပြုမိန့်ရရှိခဲ့ခြင်း ကြောင့်
ပထမ (၆ ) လပတ်သုံးစွဲမှုတွင် ပါဝင်နိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန
အနေ ဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏
ညွှန်ကြားချက်နှင့်အညီ အချိန်မီသုံးစွဲဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
စိုက်ပျိုးရေး၊
မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးလှကျော် က ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်
၆ လတာတွင် အကောင်အထည်ဖော်မှု ရာခိုင်နှုန်းနည်းရခြင်းသည် ပြည်ပအကူအညီ၊ ပြည်ပ ချေးငွေ
ပေးသည့်အဖွဲ့အစည်းများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ဆောင် ရွက်ရသည့်လုပ်ငန်းစဉ်များ
အဆင့်ဆင့် စိစစ်ဆောင်ရွက်ရသဖြင့် ကြန့်ကြာရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းစဉ်ပါ Consultant များ အချိန်မီ မခန့်နိုင်ခြင်း၊
လုပ်ထုံးလုပ်နည်းကြန့်ကြာခြင်း၊ အချို့ လုပ်ငန်း စဉ်များသည် သက်ဆိုင်ရာ နိုင်ငံသို့ပြန်လည်
မေးမြန်း ရှင်းလင်းပြီးမှ အတည်ပြုချက်ရရှိမှသာ လုပ်ငန်း ဆောင်ရွက်ရခြင်းနှင့် တင်ဒါလုပ်ငန်းစဉ်များ
နှောင့်နှေး ခြင်း များကြောင့် သတ်မှတ်ကာလ အတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိဘဲ လုပ်ငန်းအကောင်အထည်ဖော်မှု
အားနည်းရခြင်းဖြစ်ပါ ကြောင်း။
ဝန်ကြီးဌာနအနေဖြင့်
၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပထမ (၆) လပတ်တွင် ၂၇ ရာခိုင်နှုန်း သာ အကောင် အထည်ဖော်ဆောင်ရွက်
နိုင်ခဲ့သော်လည်း ၂၀၁၈- ၂၀၁၉ခု ၊ ဇွန်လအထိ ၄၉ ရာခိုင် နှုန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊စိုက်ပျိုးရေး၊
ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် မှချမှတ်ထားသည့် စီးပွားရေး မူဝါဒများနှင့်အညီ လယ်ယာကဏ္ဍနှင့်
ကျေးလက်နေပြည်သူများ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်
ဆောင်ရွက်ရာ တွင် ဘဏ္ဍာရန်ပုံငွေများကို အကျိုးရှိထိရောက်စွာ စိစစ်သုံးစွဲ စီမံကြီးကြပ်
ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့အတူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဟိုတယ်နှင့်ခရီး
သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်၊
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူး၊ ပညာရေး ၀န်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းနှင့်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းပြောကြားကြသည်။
ထို့နောက်
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ စောသန်းထွဋ်က ပူးပေါင်း ကော်မတီ၏ အစီရင်
ခံစာ(၉/၂၀၁၉)နှင့် (၁၀/၂၀၁၉) တို့ကို လွှတ်တော်က သဘောတူလက်ခံရန် အဆို တင်သွင်းသည်။
ပြည်ထောင်စုလွှတ်တော်နာယကက
ယင်းအစီရင်ခံစာများနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက်
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ(၉/၂၀၁၉)နှင့်
(၁၀/၂၀၁၉)တို့ကို သဘောတူအတည်ပြုကြောင်းနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့မှ ပေးပို့သော
၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာ ရေးနှစ် ပထမ ၆ လပတ် အမျိုးသားစီမံကိန်းအစီရင်ခံစာနှင့် ပြည်ထောင်စု၏
ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ အစီရင်ခံစာတို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ သည်။
ဆက်လက်၍
ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ၆ လတာကာလ လုပ်ငန်းဆောင် ရွက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက် များအပေါ် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏
အတွင်းရေးမှူး ဦးခင်ဇော်က ပြန်လည် ရှင်းလင်းဆွေးနွေးရာတွင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များအနေဖြင့်
အမှုများ လက်ခံရာတွင် မည်သို့လက်ခံရမည်ဆိုသည့် ညွှန်ကြားချက်များ ထုတ်ပေးထားပြီးဖြစ်
ပါကြောင်း၊ အမှုများ လက်ခံရာတွင် အဂတိကင်းရှင်းစေရန်၊ ဘက်မ လိုက်စေရန် စသည့်အချက်များ
ကို ညွှန်ကြားထားပြီးဖြစ်ပါ ကြောင်း၊ ပြစ်မှုတစ်ခုဖြင့် စွပ်စွဲခံရသူသည် ရဲအချုပ် ခန်းတွင်
ဖမ်းဆီးခံရစဉ် သက်ဆိုင်ရာအမှုစစ် ဆေးသည့် အရာရှိများ၏ ဆောင်ရွက်မှုကြောင့် တရားခံသေ ဆုံးရသည့်
ကိစ္စရပ်များရှိပါက သက်ဆိုင် ရာကာယကံရှင်၏ မိသားစုသည် ဥပဒေအရ၊ ရဲစည်းကမ်းထိန်းသိမ်း
ရေးလက်စွဲအရ ရဲချုပ်ကိုတိုင်ကြားနိုင်ပါကြောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကိုလည်း
တိုင်ကြားနိုင် ပါကြောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က အချုပ်တရားခံ သေဆုံးရသည့်ကိစ္စကို
ဥပဒေနှင့် အညီ ပြည်စုံစွာစုံစမ်းစစ်ဆေးနိုင်ရန် သက်ဆိုင်ရာရဲတပ်ဖွဲ့က ကူညီရန်လိုအပ်ပါကြောင်း။
သေဆုံးသူကို စစ်ဆေးရာတွင်လည်း သက်ဆိုင်ရာမြို့နယ်တွင်ရှိသည့်
ဆရာဝန်တစ်ယောက် တည်းက စစ်ဆေးခြင်း ထက် သေဆုံးရသည့် အကြောင်းရင်းကို သေချာစွာ စစ်ဆေးနိုင်သည့်
မှုခင်းဆရာဝန်ကြီးများ ပါဝင်သော ဘုတ်အဖွဲ့ဖြင့် စစ်ဆေးခြင်းအားဖြင့် နဂိုရှိရင်းစွဲ
ရောဂါကြောင့် သေဆုံးခြင်း၊ ရုတ်တရက် နှိပ်စက် သည့်ဒဏ်ရာကြောင့် ရှော့ဖြစ်ပြီး သေဆုံးခြင်းဆိုသည်ကို
ဖော်ထုတ်နိုင်လျှင် ဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်နိုင်မည့် အခြေအနေရှိပါကြောင်း ရှင်းလင်း
ပြောကြားသည်။
ဆက်လက်၍
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးက ပြည်ထောင်စု တရားလွှတ်တော် ချုပ်သည်
ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် ဥပဒေဆိုင် ရာအထောက်အကူပေးရေး အဖွဲ့
အဆင့်ဆင့်အတွက် လိုအပ်သည့် ဆောင်ရွက်မှုများကို ဥပဒေ ဆိုင်ရာ အထောက်အကူပေးရေးဥပဒေပါ
ပြဌာန်းချက်များနှင့်အညီ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့်ညှိနှိုင်း
ပူးပေါင်း ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းပြောကြား သည်။
ပြည်ထောင်စုလွှတ်တော်နာယကက
ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့၏ ၆ လတာကာလ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို
လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး
ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍
လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မိတ္ထီလာမဲဆန္ဒနယ်မှ
ဒေါက်တာမောင်သင်းက ဦးတည်ချက်တွင်ပါသည့် ဒီမိုကရေစီစံနှုန်းများ နှင့်ညီညွတ်ခြင်း မရှိသည့်
ပုဒ်မမည်မျှရှိသည်၊ ရှေ့နောက်ညီညွတ်၍ ဆန့်ကျင်ကွဲလွဲမှု မရှိသည့်ပြ ဋ္ဌာန်းချက်ကမည်မျှရှိသည်၊
ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်စေသော ပြဋ္ဌာန်းချက်များက မည်သည့်ပြဋ္ဌာန်း
ချက်များဖြစ်သည်နှင့် ဦးတည်ချက်အပိုဒ် (ခ)ပါ မဏ္ဍိုင် ၃ ရပ် အပြန်အလှန်ထိန်းကျောင်းမှု၊
နိုင်ငံသားများ၏ တန်းတူညီမျှမှုကို အကာအကွယ်ပေးနိုင်မှု၊ လွတ်လပ် ၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေးတို့ကို
အစီရင်ခံစာ၏ မည်သည့်နေရာတွင်မှ ဖော်ပြ ထားခြင်းမရှိပါကြောင်း၊ ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းကို အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်နှင့် အညီသာ ပြင်ဆင်သင့်ပါကြောင်း
ဆွေးနွေးသည်။
ကျောက်ဖြူမဲဆန္ဒနယ်မှ
ဦးဘရှိန်က အစီရင်ခံစာတစ်ခုလုံးတွင် ဖော်ပြပါရှိသည့်
အချက်များနှင့် နောက်ဆက် တွဲဇယားတွင် ဖော်ပြထားသည့် ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်များ၊
မှတ်တမ်းတင်ထားချက်များနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကြည့်ပါက ၂၀၀၈
ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်တစ်ခု ရေးဆွဲရန်
ကြိုးစား နေသည်ဟုမြင်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရန်အတွက်ဆိုလျှင်
သဘောတူပါ ကြောင်း၊ တိုင်းရင်းသားများသည် နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံရေးအရ
တန်းတူရည်တူ ဆွေးနွေး ညှိနှိုင်းပြီး တိုင်းရင်းသားပေါင်းစုံပါဝင်သည့် စစ်မှန်သော ဖက်ဒရယ်
ပြည်ထောင်စုကို တည်ဆောက် လိုကြပါကြောင်း၊ ထိုသို့ တည်ဆောက်နိုင်ရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ
အသစ် တစ်ခု အမှန် တကယ်လိုအပ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို အုပ်ချုပ်သူများ၏
အကျိုး အတွက် မဟုတ်ဘဲ တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားအတွက် မြေပြင်အခြေအနေနှင့်
ကိုက်ညီ သည့် ဥပဒေတစ်ခုဖြစ်အောင် ရေးဆွဲကြရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ကျောင်းကုန်မဲဆန္ဒနယ်မှ
ဦးသိန်းထွန်းက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပကို ပြင်ဆင်ရာ၌ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌
ဖော်ပြထားသော အခန်း(၁၂ ) ပုဒ်မ ၄၃၃ ၊ ၄၃၄၊ ၄၃၅၊ ၄၃၆ အရ ပြင်ဆင် မည်ဆိုပါက ကြိုဆို ထောက်ခံပါကြောင်းနှင့်
အခြားနည်းလမ်းအရ ပြင်ဆင်မည်ဆိုပါက ကန့်ကွက်ပါ ကြောင်း ဆွေးနွေးသည်။
မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းက ယခုအခါ ပြည်သူကိုယ်တိုင် ပြည်သူ့အခြေခံဥပဒေ မူကြမ်း တပ်ရပ်
အမြန်ဆုံးရေးဆွဲပြင်ဆင်ရန် ဆန္ဒထုတ်ဖော်ပြမှုများရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံ
အခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်ကို ဆက်လက်ပြုစုရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါ
သဖြင့် ဤအစီရင်ခံစာကို အတည်ပြုပေးနိုင်ရေး ထောက်ခံအကြံပြုလိုပါကြောင်း။
တိုင်းရင်းသားများ၏
ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ်သို့လည်းကောင်း၊ ပြည်သူ လူထု၏
ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး
မျှော်မှန်းချက် များကို ယခုလို သဘောထား ကြီးစွာဖြင့်
ဆက်လက်လေးစားလိုက်နာ ပါဝင်ဆောင်ရွက်ပေးပါရန် နာယကကြီးမှတဆင့် တပ်မတော်သားများ အားလုံးကို မတ္တာရပ်ခံပန်ကြားအပ်ပါကြောင်း၊ ပြုစုထား သောမူကြမ်းပေါင်းချုပ်အပေါ် မူကြမ်းတစ်ခုဖြစ်ပေါ် လာအောင်
ရေးဆွဲသင့်သည့်အခါ အခန်းလိုက် အခန်းလိုက်အ ခြေခံရမည့်မူများကို
အများသဘောတူ ချမှတ် ထားသော အခန်းအလိုက် အခြေခံမူ များနှင့်အညီ
ဆက်လက်ညှိနိုင်းရေးဆွဲဆောင်ရွက်မှသာ ဥပဒေမူကြမ်း ကောင်း တစ်ခု
ဖြစ်ပေါ်လာ မည်ဖြစ်သည်ဟု အကြံပြုပါကြောင်းနှင့် ဤအစီရင်ခံစာအား အတည်ပြုပေး သင့်ပါ ကြောင်း ဆွေးနွေး သည်။
ထို့အတူ
ချောင်းဆုံမဲဆန္ဒနယ်မှ ဦးအောင်ကြည်သိန်း၊
ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါ်ခင်ဆွေလွင်၊ မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၊
သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊ ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၊ မချမ်းဘော
မဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၊ ရခိုင်ပြည်နယ် မဲဆန္ဒ နယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၊ နမ့်စန် မဲဆန္ဒနယ်မှ ဦးဌေးလွင်(ခေါ်) ဦးဒီလုံး၊
မိုင်းပန် မဲဆန္ဒ နယ်မှ ဦးစိုင်းကျော်မိုး၊ သီပေါ မဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင်၊ နောင်မွန်း
မဲဆန္ဒနယ်မှ ဦးဂျီဖုန်ဆားရ်၊ မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်နှင့် ကယားပြည်နယ် မဲဆန္ဒနယ်
အမှတ်(၆)ဒေါ်လွီးဇာတို့က ဆွေးနွေးကြ သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်ကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် များ၏
ဆွေးနွေးမှုကို အစည်း အဝေး သတ္တမနေ့တွင် ဆက်လက်ဆောင်ရွက်သွားမည်ကြောင်း သိရ သည်။
သတင်း-မော်စီ၊ လူကျော် ၊ ဓာတ်ပုံ-ထိုက်ကြီး

No comments:
Post a Comment