Thursday, June 6, 2019

Youth Integrity Camp 2019 စခန်းဝင်ကျောင်းသားကျောင်းသူများVideo Conferencing မှ တစ်ဆင့် အပြည်ပြည်ဆိုင်ရာလူငယ်အဖွဲ့များနှင့် အဂတိလိုက်စားမှုနှင့် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ ဆောင်ရွက်မှုများဆွေးနွေး


နေပြည်တော် ဇွန် ၆
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ UNODC ၏ နည်းပညာအကူအညီဖြင့် ဖွင့်လှစ်လျက်ရှိသော “ဖြောင့်မတ်တည်ကြည်မှု” လူငယ်စခန်း ၂၀၁၉ (Youth Integrity Camp 2019 )၌ ယနေ့တွင် အဖွဲ့(၂)ဖွဲ့ ရွေးချယ်ပြီး ပါပူဝါနယူးဂီနီနိုင်ငံမှ လူငယ်များ၊ ဆလိုဗေးနီးယားနိုင်ငံမှ လူငယ်များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စ ရပ်များကို Video Conferencing ပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စခန်းဝင်လူငယ် ၁၅ ဦးစီဖြင့် အဖွဲ့(၂)ဖွဲ့ ရွေးချယ်ဖွဲ့စည်းပြီး ပါပူဝါ နယူး ဂီနီနိုင်ငံမှ လူငယ်များနှင့် နံနက်ပိုင်းတွင်လည်းကောင်း၊ ဆလိုဗေးနီးယားနိုင်ငံမှ လူငယ်များနှင့် မွန်းလွဲပိုင်းတွင်လည်းကောင်း Video Conferencing ဆက်သွယ်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုများတွင် လူငယ်များပါဝင်ဆောင်ရွက်နေမှု၊ ဖြောင့်မတ်တည်ကြည်မှု မြင့်မား တိုးတက်ရေး ဆောင်ရွက်နေမှု၊ အတွေ့အကြုံ၊ စိန်ခေါ်မှု၊ အောင်မြင်မှု၊ အားပေးမှု၊ နည်းဗျူဟာနှင့် ဂရုပြုရမည့် အချက်များနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
Video Conferencing မှတစ်ဆင့် ဆွေးနွေးမှုအား နိုင်ငံတကာ၌ အဂတိလိုက်စားမှု တိုက်ဖျက် ရာတွင် လူငယ်ထုပါဝင် ဆောင်ရွက်နေမှု၊ လူငယ်များအကြားတွင် ဖြောင့်မတ်တည်ကြည်မှု မြင့်မား တိုးတက် လာမှုတို့အား သိရှိနိုင်ရန်နှင့် အတွေ့အကြုံများ ဖလှယ်နိုင်ရန် ရည်ရွယ်လျက် ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး John Nielsen က စခန်းဝင်ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ဒိန်းမတ်နိုင်ငံ၏ နှစ်ပေါင်း များစွာဆောင် ရွက်ခဲ့သော အတွေ့အကြုံများကို မျှဝေ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း၊ အဂတိလိုက် စားမှုသည် နိုင်ငံ၊ ပြည်သူ၊ အဖွဲ့အစည်း အားလုံးကို ထိခိုက်နစ်နာစေပြီး ဆုံးရှုံးမှုနှင့် ကုန်ကျမှုမြင့်မား ကြောင်း၊ ဆုံးရှုံးမှုများတွင် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးတို့ ပါဝင်ကြောင်း စသည်ဖြင့် အသေးစိတ် ဆွေးနွေးပို့ချခဲ့သည်။
နှစ်နိုင်ငံ ကျောင်းသားလူငယ်များ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးရာသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ပြီး လူငယ် စခန်းအား ဇွန် ၇ ရက်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment