ရန်ကုန် ဇွန် ၂၈
ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မသန်စွမ်းသူများ အဖွဲ့ချုပ်မှ ယာယီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးတွင်
တွေ့ဆုံသည်။
တွေ့ဆုံစဉ် နေပြည်တော်ရှိ ရေပန်းဥယျာဉ်နှင့် မြို့မဈေးတို့တွင်
မသန်စွမ်းသူများ အလွယ်တကူ သွားလာနိုင်ရေးအတွက် စီမံကိန်း(၂)ရပ် အကောင်အထည်ဖေါ်ရန် လိုအပ်သည့် အကြံဥာဏ်များရယူနိုင်ရေးကိစ္စ၊ နိုင်ငံတော်အစိုးရအနေဖြင့်
မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးတို့ကိုဆောင်ရွက်ပေးရာတွင် ဖြည့်ဆည်းပေးရန် လိုအပ်လျက်ရှိသည့်
ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံအခြေစိုက် Kyoshin Co.ltd မှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်သူများ
ပိုမိုမွေးထုတ်ပေးနိုင်ရန် သင်တန်းကျောင်း အဆောက်အဦအသစ် ဆောက်လုပ် လှူဒါန်းသွားမည့်ကိစ္စ၊
တစ်နှစ်လျှင် သင်တန်းသား (၁၅၀)
ကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ
ရှာဖွေပေးသွားမည့်ကိစ္စ၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့်
ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment