ရန်ကုန်
ဇွန် ၂၆
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာမြလေးစိန်သည် ယနေ့ နံနက် ၉ နာရီက ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)
ရှိ အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားရုံသို့ ရောက်ရှိပြီး ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်
ပြည်နယ် သေနတ်ပစ်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်ကစားသမား (၁၅၂)ဦး ယှဉ်ပြိုင်ကစားကြသည့်
25m. 22 Pistol အမျိုးသား/ အမျိုးသမီးပြိုင်ပွဲ၊ 10m Air Pistol အမျိုးသား/ အမျိုးသမီးပြိုင်ပွဲ၊
10m Air Rifle အမျိုးသား/ အမျိုးသမီး ပြိုင်ပွဲများကို ကြည့်ရှုအားပေးသည်။
မသန်စွမ်း လေ့ကျင့်ရေးစခန်းသို့ရောက်ရှိ
ယင်းနောက် ဒဂုံမြို့သစ်(မြောက်ပိုင်း)
ရှိ မသန်စွမ်း လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိပြီး အားကစားသမားများ၏ စားရိပ်သာ၊ နားနေခန်း၊
လေ့ကျင်ရေး အားကစားရုံတို့အား လိုက်လံကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒဂုံမြို့သစ် (မြောက်ပိုင်း)
ရှိ မြန်မာ့သိုင်း သင်တန်းကျောင်း ဣဒ္ဓိမာန်အောင် သင်တန်း ခန်းမသစ်သို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment