Wednesday, June 5, 2019

အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ဒုတိယအစည်းအဝေး ကျင်းပမည်

နေပြည်တော် ဇွန် ၅
အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ဒုတိယ အစည်း အဝေးကို ၁၃၈၁ ခုနှစ် ၀ါဆိုလဆန်း (၃၊ ၄၊ ၅၊ ၆)ရက် (၂၀၁၉-ခုနှစ် ဇူလိုင် ၄၊ ၅၊ ၆၊ ၇) ရက်၊ ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် အကြိုညှိနှိုင်းအစည်း အဝေးနှင့် ၁၃၈၁ ခုနှစ် ၀ါဆိုလဆန်း (၇၊ ၈)ရက် (၂၀၁၉-ခုနှစ်၊ ဇူလိုင် ၈၊ ၉) ရက် တနင်္လာ၊ အင်္ဂါနေ့များတွင် အစည်းအဝေးကျင်းပမည်ဖြစ်သည်။

နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများသည် ၁၃၈၁ ခုနှစ် ၀ါဆိုလ ဆန်း (၂)ရက် (၂၀၁၉ ခုနှစ် ဇူလိုင် ၃)ရက် ဗုဒ္ဓဟူးနေ့အရောက် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာနာယက ကျောင်းတော်ကြီးသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်ထားပါကြောင်း သာသနာရေး ဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment