Friday, June 14, 2019

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့မှ ရရှိသော ဘဏ္ဍာငွေကို ပိုမိုအကျိုးရှိ ထိရောက်စွာ အသုံးချဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ



နေပြည်တော် ဇွန် ၁၄

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့မှ ရရှိသောဘဏ္ဍာငွေကို ပိုမိုအကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။


အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က (၂၀၂၀-၂၁) ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း များအတွက် ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက် မန်နေဂျာများသည် ဖြစ်ပေါ်လျက်ရှိသော ကျန်းမာ ရေးနှင့် ကျန်းမာရေး နှင့် နှီးနွှယ်နေသော အခြေအနေများကိုနောက်ခံ ထား၍ လက်တွေ့ကျ၍ လုပ်ကိုင်နိုင်မည့် လုပ်ငန်းများကိုသာ ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ရရှိ သည့် ရန်ပုံငွေမှာ ဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးကဏ္ဍ ကျွမ်းကျင်မှု ပိုင်းဆိုင်ရာ ပိုမိုအဆင့်မြင့်ရေးဆောင်ရွက်ရာ၌ များစွာအထောက်အကူပြုပါကြောင်း။

ဇွန် (၁၂) ရက်နှင့် (၁၃) ရက်တွင် ပြုလုပ်ခဲ့သည့် “ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့်နှီးနှောဖလှယ်ပွဲ”မှ သုံးသပ်ဆွေးနွေး အကြံပြုချက်များကို အခြေခံ၍ (၂၀၂၀-၂၁) ခုနှစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက် မည့် စီမံချက် လုပ်ငန်းများတွင် ထည့်သွင်းရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက် ရာတွင် စီမံချက်လုပ်ငန်းများ ရေးဆွဲရာ၌ လုပ်ငန်း ဆောင်ရွက်မှုနှင့် အောင်မြင်မှုဆိုင် ရာ လက်တွေ့ကျပြီး သော့ချက်ကျသည့် အညွှန်းကိန်းအချက် များနှင့်စောင့်ကြည့် ခြင်းနှင့်လေ့လာသုံးသပ်ခြင်းစနစ်ကို တစ်ပါတည်းထည့်သွင်း ရေးဆွဲရမည်ဖြစ် ပါကြောင်း။

ကျန်းမာရေးစီမံချက်များအနေဖြင့် ကောင်းမွန်တိကျသည့် စာရင်းဇယားနှင့် သတင်း အချက် စနစ်ကိုလည်း ဖော်ဆောင်ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊မြန်မာနိုင်ငံတွင် ပထမဆုံးအနေ ဖြင့် World Health Survey နှင့် Mental Health Survey ကို ပေါင်းစပ်၍ မကြာမီကောက် ယူတော့ မည်ဖြစ်ရာအခြေခံကျန်းမာရေးဆိုင်ရာ အချက်အလက်များ တိကျစွာရရှိနိုင်၍ ပိုမိုမှန်ကန် တိကျ သည့် မဟာဗျူဟာများနှင့် စီမံချက်များချမှတ်ဆောင်ရွက် သွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြား သည်။

ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ Administrative Officer Mr. Maarten က Overview of planning and implementation of 13th General Programme of Work (GPW 13) in SEA Region ခေါင်းစဉ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀-၂၁) ဘဏ္ဍာနှစ်များ တွင် အရှေ့တောင် အာရှဒေသဆိုင်ရာ နိုင်ငံများအတွက် လျာထားရန်ပုံငွေ၊ ဦးစားပေးလုပ်ငန်း များနှင့်ရန်ပုံငွေ အဆိုပြုတင်ပြရမည့် အချိန်ဇယားကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန် က ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မရှိမဖြစ် လိုအပ်သော ကျန်းမာ ရေးဝန်ဆောင်မှုများ လက်လှမ်းမှီရရှိရေးစီမံချက် လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးတွင် တက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်းမှု များ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြား ရေးမှူးများ၊ ကျန်းမာရေးစီမံကိန်း မန်နေဂျာ များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment