Friday, June 28, 2019

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၂၇
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နယူး ဇီလန်နိုင်ငံ သံအမတ်ကြီး Mr. Steve Marshall ၊ နယူးဇီလန်နိုင်ငံမှ Chief Ombudsman, Mr. Peter Boshier နှင့်အဖွဲ့အား ယနေ့နံနက ၉ နာရီခွဲတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နယူးဇီလန်နိုင်ငံ Ombudsman Office နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် တို့အကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment