Thursday, June 13, 2019

ပုဂ္ဂလိကမှ တည်ဆောက်သော ရထားကုန်တွဲများ ကွေ့မဘူတာသို့ ရောက်ရှိ

ရန်ကုန် ဇွန် ၁၂
ရန်ကုန် စက်မှုဇုန် (၁) Han Steel Power Co.,Ltd. က တာဝန်ယူ တည်ဆောက်သော ရထား ကုန်တွဲ ၅၀ အနက်မှ တည်ဆောက်ပြီးစီးသည့် ကုန်တွဲ ၁၀ တွဲမှာ ကွေ့မဘူတာသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့်တပ်ဆင်ခြင်း လုပ်ငန်းများကို ဇွန် ၁၀ ရက် နံနက်ပိုင်းမှ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

မြစ်ငယ်စက်ရုံ၌ ဆောင်ရွက်သွားမည်
အဆိုပါ ရထားတွဲဆိုင်းများ၏ဘရိတ်နှင့် တွဲအောက်ပိုင်း အန်ဒါဂီယာ တပ်ဆင်ခြင်း လုပ်ငန်းကို မြစ်ငယ်စက်ရုံ၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်)ရုံးမှ သိရသည်။
တရုတ်နှင့်မြန်မာပညာရှင်များ ပူးပေါင်းတည်ဆောက်
ကုန်တွဲများတည်ဆောက်သော Han Steel Power Co.,Ltd. အနေ ဖြင့် ကုန်တွဲအပေါ် ပိုင်းများကို တရုတ်နှင့်မြန်မာပညာရှင်များပူးပေါင်း၍ စက်ရုံ၌ လုပ်သားအင်အား ၅၀ ဖြင့် တစ်နှစ်ကျော် အချိန်ယူ တည်ဆောက်ခဲ့ကြောင်း သိရသည်။ ထိုတွဲဆိုင်းများတွင် ပါဝင်သော ဘိုဂီ/ကော်ပလာနှင့်ဘရိတ် ဆက်စပ်ပစ္စည်းများကို နိုင်ငံခြားမှတင်သွင်းကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-ပွင့်သစ္စာ၊ ဓာတ်ပုံ-စိုးမြင့်အောင်

No comments:

Post a Comment