ရန်ကုန် ဇွန် ၂၇
မြန်မာ- တရုတ် ယဉ်ကျေးမှုအသင်း ဆိုင်းဘုတ်တင်ပွဲနှင့် အလှူငွေပေးအပ်ပွဲ
အခမ်းအနားကို ဇွန် ၂၇ ရက်တွင် အသင်းတည်ရှိရာ ရန်ကုန်မြို့ တာမွေ
မြို့နယ် လေးထောင့်ကန်လမ်း အမှတ် ၁၆၆ ရှိ Royal Holiday Hotel ၌
ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာ-တရုတ် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးလှိုင်ဝင်း၊ တာမွေမြို့နယ် အုပ်ချုပ် ရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်အေး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပထမ အတွင်းဝန် Mr. Cheng Peng တို့က အသင်းဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာ- တရုတ် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးလှိုင်ဝင်းက နှုတ်ခွန်းဆက်စကား ပြော ကြားပြီး တာမွေမြို့နယ် အုပ်ချုပ်ရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင် ကျော်အေး က အသင်းနှင့် ပတ်သက်၍ ပြောကြားသည်။
အသင်းအနေဖြင့် မြန်မာတို့၏ အမျိုးသားယဉ်ကျေးမှုထွန်းကားခဲ့ပုံများကို သိရှိနိုင်ရန် ပန်းချီ၊ ပန်းပု ပညာရပ်ဖြင့် ဖော်ထုတ်ပြသရန်အစီအစဉ်ရှိပြီး ပန်းချီ ပြပွဲတစ်ခုပြသနိုင်ရန် စီစဉ်လျက်ရှိကြောင်း အသင်းအမှုဆောင်တစ်ဦး ဖြစ်သော ပန်းချီဆရာ နီပိုဦးထံမှ သိရ သည်။
အသင်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှစတင်၍ တရားဝင်ဖွဲ့စည်းခွင့်ပြုခဲ့ပြီး အသင်းအနေဖြင့် ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ပရဟိတလုပ်ငန်းများလုပ်ဆောင်ခြင်းကို အဓိကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အသင်းဆိုင်းဘုတ် တင်ပွဲအပြီးတွင် အလှူရှင်များက အလှူငွေများပေးအပ်ခဲ့ ကြသည်။
TTHL

No comments:
Post a Comment