Friday, June 28, 2019

အမျိုးသားမြို့ ပြ မူဝါဒရေးဆွဲရေးကော်မတီဖွဲ့စည်းနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော် ဇွန် ၂၇
မြန်မာနိုင်ငံ၏ အမျိုးသားမြို့ ပြမူဝါဒ ရေးဆွဲဆောင်ရွက်ရန်အတွက် အမျိုးသား မြို့ ပြမူဝါဒ ရေးဆွဲရေး ကော်မတီ (National Urban Committee – NUC) ဖွဲ့စည်းနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကိုယမန်နေ့က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင် ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ယနေ့ကျင်း ပသည့် အစည်းအဝေးသည် မြန်မာနိုင်ငံ၏အမျိုး သားမြို့ ပြမူဝါဒရေးဆွဲဆောင်ရွက်ရာတွင် ထိ ရောက်စွာ အကျိုးရှိစေရန်အတွက် အကြံပြုခြင်းနှင့် မဟာဗျူဟာကျသော လမ်းညွှန်မှုများကို ပေး အပ်ရန်အတွက် အမျိုးသားမြို့ ပြမူဝါဒကော်မတီအား ဖွဲ့စည်းနိုင်ရေးအတွက် ကြိုတင် ညှိနှိုင်း အစည်းအဝေးဖြစ်ပါကြောင်း။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် New Urban Agenda လုပ်ငန်းစဉ် (၂၀၁၆- ၂၀၃၆) ချမှတ်၍ National Urban Policy ရေးဆွဲခြင်းကို အကောင်အထည် ဖော်ဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံတွင် အမျိုး သားမြို့ ပြမူဝါဒချမှတ်နိုင်ရေး အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီး ဌာနနှင့် UN-Habitat တို့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အဖြစ် National Urban Policy Program (NUPP)အစီ အစဉ် (၂၀၁၇-၂၀၁၉)ကို ကိုရီးယားနိုင်ငံ ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံ၏ National Urban Policy (NUP) ချမှတ်နိုင်ရန် အတွက် အမျိုးသားမြို့ ပြမူဝါဒမူဘောင် ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲနှင့် အမျိုးသား မြို့ ပြညီလာခံအကြို အလုပ်ရုံဆွေးနွေးပွဲ များကို နေပြည်တော်တွင် ၂၀၁၈ ခုနှစ်က ကျင်းပခဲ့ကြောင်း၊ National Urban Committee ဖွဲ့စည်း ရေးအတွက်လည်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက အကြို ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း၊ သက်ဆိုင် ရာဌာနများ၏ သဘောထားများနှင့် ကိုယ်စားလှယ် အမည်စာရင်းများ တောင်းခံခဲ့ကြောင်း၊ အဖွဲ့ဝင် (၂၄) ဦး ပါဝင်သည့် ကော်မတီဖွဲ့စည်းခွင့်ကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်း ရေးကော်မတီသို့ တင်ပြ ဆောင်ရွက်ထားကြောင်း။
NUPP လုပ်ငန်းစဉ်အရ National Urban Forum (NUF) ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြီး မြန်မာ မြို့ ပြမူဝါဒ (၂၀၄၀)ကို ဆွေးနွေးအတည် ပြုဆောင်ရွက်သွားမည် ဖြစ်သောကြောင် အမျိုးသား မြို့ ပြမူဝါဒကော်မတီအား ဖွဲ့စည်းထားမည်ဖြစ်ပြီး ဆောင်ရွက်သည့် အခါတွင် Myanmar Sustainable Development Plan (MSDP -2030)နှင့် လိုက်လျောညီထွေရှိသည့် အမျိုးသားမြို့ပြ မူဝါဒချမှတ် နိုင်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးစေလို ကြောင်းပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က အမျိုးသားမြို့ ပြမူဝါဒရေး ဆွဲဆောင်ရွက်ခြင်းနှင့် အမျိုး သားမြို့ပြ မူဝါဒကော်မတီ၏လုပ်ငန်းတာဝန်များ နှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဒေါ်အေးအေးမြင့် ကမြို့ပြမူဝါဒရေးဆွဲရေး ဦးစားပေး လုပ်ငန်းနယ်ပယ်များကို လည်း ကောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက အမျိုးသားမြို့ ပြမူဝါဒကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် အကြံပြုဆွေးနွေး ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment