Wednesday, June 12, 2019

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၊ Assistant Minister Mr. Li Chenggang နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၁၂
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Assistant Minister, Mr. Li Chenggang နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား မိတ်ဖက်ဖြစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံတိုးမြှင့် ရန်သာမက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့နှင့် ဆက်နွယ်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment