Wednesday, May 8, 2019

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Heuangseng Khamdalavong အား လက်ခံတွေ့ဆုံ




နေပြည်တော်၊ မေ ၈
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Heuangseng Khamdalavong အား
ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာ - လာအို နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။ 

(သတင်းစဉ်)

No comments:

Post a Comment