Tuesday, May 7, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဂျပန်နိုင်ငံ ဘုရင်မင်းမြတ်အသစ်အား ဂုဏ်ပြုသည့် အထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုး



ရန်ကုန် မေ ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့မွန်းလွဲ (၂) နာရီတွင် မေ ၁ ရက်က နန်းတက်ခဲ့သည့် ဂျပန်နိုင်ငံ ဘုရင်မင်းမြတ်အသစ်အား ဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်း အမှတ် (၈၀) ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး နေအိမ်၌ ဖွင့်လှစ်ထားရှိသော ဂုဏ်ပြုမှတ်တမ်း စာအုပ်တွင် သွားရောက်လက်မှတ် ရေးထိုးသည်။

ဂျပန်နိုင်ငံ ဘုရင်မင်းမြတ်အသစ်အား ဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ထားရှိသော ဂုဏ်ပြုမှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးခြင်းကို မေ ၇ ရက်မှ ၉ ရက်အထိ နံနက် ၉ နာရီမှ ၁၁ နာရီအထိ၊ မွန်းလွဲ (၂) နာရီမှ ညနေ (၄) နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment