ငွေဆောင်
မေ ၁
၂၀၁၈-၂၀၁၉
ဒသမတန်း လူရည်ချွန်မောင်မယ်များ၏ လူရည်ချွန်စခန်း (ငွေဆောင်) ဖွင့်ပွဲအခမ်းအနားကို
ယနေ့ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်ကမ်းခြေရှိ ပုလဲငွေဆောင်ဟိုတယ်၌
ကျင်းပသည်။
အခမ်းအနားကို
လူရည်ချွန်မောင်မယ်များက “နောင်တခေတ်ရဲ့လူရည်ချွန်” သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်
လှစ်ကြသည်။
ထို့နောက်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကား ပြောကြားသည်။
ဆက်လက်၍
အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။
ယင်းနောက်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့်
တာဝန်ရှိသူများက လူရည်ချွန် မောင်မယ်များအား လူရည်ချွန်တံဆိပ်များ ပေးအပ်ကြသည်။
ထို့နောက်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်အား
လူရည်ခွန်စခန်း (ငွေဆောင်) စခန်းမှူးနှင့် ၁၉၆၄ - ၁၉၈၈ လူရည်ချွန်ကြီးများက
စခန်းဖွင့်ပွဲအမှတ်တရ တံဆိပ်ကို ပေးအပ်ကြသည်။
ယင်းနောက်
လူရည်ချွန်မောင်မယ်များကိုယ်စား လူရည်ချွန်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး
ပုသိမ်မြို့ရှိ ကျောင်းသူလေးတစ်ဦးက “ကျွန်တော့်ရည် မှန်းချက်’’ သီချင်း၊ လူရည်ချွန်မောင်မယ်
များက “စခန်းနွေမွန်လူရည်ချွန်” သီချင်း တို့ကို ဂုဏ်ပြုသီဆိုပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
မွန်းလွဲပိုင်းတွင်
ပုလဲငွေဆောင်ဟိုတယ်၌ လူရည်ချွန်မောင်မယ်များအား IT ပညာရှင်များက နည်းပညာနှင့် ပတ်သက်သည့်
သိသင့်သိထိုက် ဗဟုသုတ ရဖွယ်ရာများကို ဟောပြောပို့ချသည်။
ညပိုင်းတွင်
ဟိုတယ်ကမ်းခြေတွင် လူရည်ချွန်မောင်မယ်များ၊ ပုသိမ်နှင့် ငွေဆောင်ရှိ ကျောင်းသား၊ ကျောင်းသူလေးများက
တေးသီချင်းများ အကအလှများဖြင့် သီဆိုဖျော်ဖြေကြသည်။
(သတင်း-မင်းသစ်(MNA)
ဓာတ်ပုံ-စိုးမင်းဦး(ပြန်/ဆက်)

No comments:
Post a Comment