Wednesday, May 8, 2019

ရွှေတိဂုံစေတီတော် (၅၇၂) ကြိမ်မြောက် အလှူတော်ငွေ ပေးအပ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ ကျင်းပ


 
ရန်ကုန် မေ ၇
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က စီစဉ်ကျင်းပသော (၅၇၂) ကြိမ်မြောက် အလှူတော်ငွေ ပေးအပ် လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရွှေတိဂုံစေတီတော်ရင်ပြင်တော် တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဗဟန်းမြို့နယ် ညောင်တုန်းပါဠိတက္ကသိုလ် ကျောင်းတိုက်ဆရာတော် ဘဒ္ဒ န္တပ၀ရာဘိဝံသ ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာ တရားနာယူကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယနေ့ပြုလုပ်သော အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော် (ရွှေပြား) အလှူရှင် ၁၃၃ ဦးထံမှ ရွှေပြားပေါင်း ၁၄၁ ချပ်၊ ရင်ပြင်တော်အခင်း ကျောက်ပြား အလှူရှင် ၈၄၁ ဦးက ကျောက်ပြားချပ် ၂၃၅၆၄ ချပ် လှူဒါန်းခဲ့ကြပြီး ငွေသားအလှူရှင် ၂၆ ဦး အပါအဝင် လှူဒါန်းငွေကျပ် စုစုပေါင်း ၄၄၅၆၀၀၃၀၉ ကျပ်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment