နေပြည်တော်၊ မေ ၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် တာဝန်ပြီးဆုံး၍
ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး
H.E.Mr. Hong Liang နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ(၁)နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌
လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် တရုတ် - မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု
ပိုမိုမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တွေ့ဆုံဆွေးနွေးမှုအပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ပြန်ကြားရေးဝန်ကြီးဌာန၊
စာကြည့်တိုက်များ အတွက် သမ္မတရှီကျင့်ဖျင် ရေးသားသော The Governance of China စာအုပ်
(၄၅၆)အုပ် လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ သံအမတ်ကြီးက စာအုပ်များ လှူဒါန်းရခြင်း
အကြောင်းအရင်းကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ
ပြန်လည်ပေးအပ်ခဲ့သည်။
(သတင်းစဉ်)

No comments:
Post a Comment