မိုးလေဝသ နှင့်
ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ မေလ (၂)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀) နာရီအချိန်
ထုတ်ပြန်ချက်
▲အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ▲
(က) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန်
တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (Extremely
Severe Cyclonic Storm) "ဖန်နီ"(FANI)သည် မြောက်-အရှေ့မြောက် ဘက်သို့
ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့(Puri)၏ တောင်-အနောက်တောင် ဘက်
မိုင် (၁၇၀)ခန့်၊ ဗီဇာကာ ပတ္တနမ်မြို့(Vishakhapatnam)၏ အရှေ့-အရှေ့တောင်ဘက် (၉၅)မိုင် ခန့်၊ ဒီဂါမြို့ (Digha)၏ တောင်-အနောက်တောင်ဘက်
မိုင်(၃၁၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ
အလွန့် အလွန်အားကောင်းသော
ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား မည်ဟု
ခန့်မှန်းရပါသည်။
(ခ) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း
"ဖန်နီ" (FANI)၏ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်
အခြေအနေမရှိသေးသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ် ပါသည်။
▲အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊
ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း▲
(က) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း
"ဖန်နီ" (FANI)သည် မြန်မာစံတော်ချိန် (၁၈:၃၀)နာရီ အချိန် တွင်
မြောက်လတ္တီကျု(၁၇.၁)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု(၈၄.၈)ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက်လေဖိအား
(၉၃၉)ဟက်တို ပါစကယ်နှင့်
အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၃၀)နှုန်း ဖြစ်ပါသည်။
▲နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်▲
(က) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း
"ဖန်နီ"(FANI)သည် နောက်(၂၄) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေကို
ဂိုလ်ပါပူရ်မြို့(Gopalpur)နှင့် ချန်ဘာလီမြို့ (Chandbali) အကြား၊ ပူရီမြို့(Puri)အနီးမှ ဖြတ်ကျော်ဝင် ရောက်ပြီး၊ အားအလွန်ကောင်းသော
ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)အဖြစ်သို့ အားလျော့ကာ၊
မြောက်-အရှေ့မြောက် ဘက် သို့ ဆက်လက်ရွေ့လျားနေမည်ဟု
ခန့်မှန်းရပါသည်။
▲သတိပေးနှိုးဆော်ချက်▲
(က) အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း
"ဖန်နီ" (FANI)၏အရှိန်ကြောင့် (၂.၅.၂၀၁၉)ရက်နေ့မှ (၄.၅.၂၀၁၉)ရက်နေ့အတွင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်
ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး
အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊
ရခိုင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် နေရာကွက်ကျား မှ
နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသ များတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျ ရောက်ပြီး၊ လှိုင်းကြီးမည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင်
မိုင်(၄၀)မှ (၄၅)မိုင်အထိ
တိုက်ခတ်နိုင် ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း
တစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် (၁၀)ပေမှ
(၁၃)ပေခန့် ရှိနိုင်ပါသည်။
▲အကြံပြုချက်▲
(က) အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)၏အရှိန် ကြောင့် ပြည်တွင်းလေ ကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှအကြံပြုအပ်ပါသည်။
(က) အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)၏အရှိန် ကြောင့် ပြည်တွင်းလေ ကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှအကြံပြုအပ်ပါသည်။
(MOI)


No comments:
Post a Comment