ဖနောင်ပင်၊ ဧပြီ ၃ဝ
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌
တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကမ္ဘောဒီးယားနိုင်ငံ
လွတ်လပ်ရေး အထိမ်းအမှတ်ကျောက်တိုင်သို့ ရောက်ရှိပြီး ဂုဏ်ပြုပန်းခွေချအလေးပြုသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
သည် နတ်ရွာစံဘုရင်မင်းမြတ်၏ ဖခမည်းတော် Preah Borom Ratanak Kaudh ၏ အထိမ်းအမှတ်ရုပ်တု
သို့ ရောက်ရှိပြီး ဂုဏ်ပြုပန်းခွေချဂါရဝပြုသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
သည် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန် ကမ္ဘော ဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံး
( Peace Palace ) သို့ရောက်ရှိရာ ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha
Sena Padei Techo Hun Sen က ကြိုဆိုနှုတ်ဆက်သည်။
အခမ်းအနားတွင် မြန်မာ - ကမ္ဘောဒီးယား
နှစ်နိုင်ငံနိုင်ငံတော်သီချင်းများ ဂုဏ်ပြု တီးမှုတ် အလေးပြု ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏
အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် တို့ဦးဆောင်၍ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ
- ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့် တင်ရေး၊
အထူးသဖြင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှု၊ ပညာရေး၊ ခရီးသွား
လာရေး၊ အာဆီယံ အဖွဲ့အပါအဝင် ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရေး၊ ကုလသမဂ္ဂ၊ ဘက်မ လိုက်လှုပ်ရှားမှုအပါအဝင်
နိုင်ငံတကာမျက်နှာစာ တွင်ဆက်လက်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ် များကို
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊
အပြန်အလှန်အကာအကွယ် ပေးရေးစာချုပ်၊ အခွန် နှစ်ထပ် ကျသင့်မှုရှောင်ရှားရေးသဘောတူစာချုပ်နှင့်
ပညာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေးတို့အတွက် နှစ်ဘက်
ညှိနှိုင်းဆောင်ရွက်သွားရေးတို့ကိုဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
က ကမ္ဘောဒီးယားနိုင်ငံအစိုးရမှ ရခိုင်ပြည်နယ် လူသားချင်း စာနာထောက်ထားမှုအကူအညီအဖြစ်
အမေရိကန် ဒေါ်လာ ၉ သောင်း ပေးအပ်လှူဒါန်းမှုအတွက် ကျေးဇူး တင်စကားပြောကြားပြီး ကမ္ဘောဒီးယားဝန်ကြီး
ချုပ်အား နှစ်ဦးနှစ်ဘက်အဆင်ပြေသည့်အချိန်တွင် မြန်မာနိုင်ငံ သို့လာရောက် လည်ပတ် ရန်ဖိတ်ကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
သည် ကမ္ဘောဒီးယားနိုင်ငံလွှတ်တော် အဆောက်အဦ သို့ရောက် ရှိပြီး ကမ္ဘောဒီးယားနိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ
Samdech Akka Moha Ponhea Chakrei HENG SAMRIN နှင့်တွေ့ဆုံသည်။
ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံ
လွှတ်တော်အဆောက်အဦ Senate Building သို့ရောက်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ
Samdech Vibol Sena Pheakdey SAY Chhum နှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲများတွင် နှစ်နိုင်ငံလွှတ်တော်များအကြား
ပူးပေါင်းဆောင်ရွက်မှုနှင့် ထိတွေ့ဆက် ဆံမှုမြှင့် တင်ရေးနှင့် လွှတ်တော်နှစ်ရပ်အကြားအတွေ့အကြုံဖလှယ်ရေး
လုပ်ငန်းစဉ်များ ၊ ယဉ်ကျေးမှု၊ ခရီးသွား လုပ်ငန်း ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု
မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ လွှတ်တော် များအကြား အပြန်အလှန် ပူးပေါင်း
ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင့် နန်းတော်သို့ရောက်ရှိပြီး ကမ္ဘောဒီးယား
နိုင်ငံဘုရင်မင်းမြတ် His Majesty Norodom Sihamoni နှင့်တွေ့ ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - ကမ္ဘောဒီးယား
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေး၊
ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ် များ ကိုဆွေးနွေးခဲ့ကြပြီး
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ကမ္ဘောဒီးယား နိုင်ငံဘုရင်မင်းမြတ် His Majesty
Norodom Sihamoni အား နှစ်ဦးနှစ်ဘက် အဆင်ပြေသည့်အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်
လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
သည် ကမ္ဘောဒီးယားဘုရင့်မယ်တော် စံအိမ်တော် သို့ရောက်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ်၏မယ်တော်
H.M. Norodom Monineath Sihanouk နှင့်တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲများသို့
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ ဒုတိယဝန်ကြီး
ဦးအောင်ထူး၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံ အမတ်ကြီး ဦးမြင့်စိုး နှင့် တာဝန်ရှိသူများ
တက်ရောက်ကြသည်။
ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် သည် ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ်ရုံး၌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်
Samdech Hun Sen က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့တက်ရောက်သည်။
Ref; Myanmar State
Counsellor Office
No comments:
Post a Comment