နေပြည်တော်
မေ ၅
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ
(၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲများကို
သတ်မှတ် ရက်အလိုက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရုံးအမှတ် (၇) ပြန်ကြားရေး ၀န်ကြီးဌာန၀န်ကြီးရုံး
စုပေါင်းအစည်းအဝေးခန်းမ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစာရှင်းလင်းပွဲများကို မေ ၉ ရက်တွင်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊
မေ ၁၃ ရက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မေ ၁၅ ရက်တွင် တိုင်းရင်းသား လူမျိုးများ
ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ၊ မေ ၁၇ ရက်တွင် ပြည်ထောင်စု
အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မေ
၂၁ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန၊
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မေ ၂၃ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန / အပြည်ပြည်ဆိုင်ရာ
ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊
ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ မေ ၂၇ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မေ ၂၉ ရက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား
ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာန၊ မေ ၃၁ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ၀န်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့က
ရှင်းလင်းသွားမည်ဖြစ်သည်။
တက်ရောက်သတင်းရယူလိုသည့် ပြည်တွင်း၊ ပြည်ပ
သတင်းမီဒီယာ များ အနေဖြင့် ပြည်တွင်း/ ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြား ရေးဌာနခွဲ
၊ e- mail; ir.pso.moi2015@gmail.com သို့လိပ်မူ၍ အမည်၊ သတင်းဌာန၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊
လိပ်စာ (e-mail လိပ်စာ) တို့အား ပေးပို့နိုင်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment