Monday, May 6, 2019

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်

နေပြည်တော် မေ ၆
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁) နှစ်တာ ကာလအတွင်း ဆောင်ရွက် ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲများကို သတ်မှတ်ရက် အလိုက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရုံးအမှတ် (၇) ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးရုံး စုပေါင်း အစည်းအဝေးခန်းမ ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲများကို မေ ၉ ရက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မေ ၁၃ ရက်တွင် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မေ ၁၅ ရက်တွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ၊ မေ ၁၇ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မေ ၂၁ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မေ ၂၃ ရက် တွင် နိုင်ငံခြားရေးဝန်ကြီးဌာန / အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ မေ ၂၇ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ မေ ၂၉ ရက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ မေ ၃၁ ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က ရှင်းလင်းသွားမည်ဖြစ် သည်။
တက်ရောက်သတင်းရယူလိုသည့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ အနေ ဖြင့် ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ ၊ e- mail; ir.pso.moi2015@gmail.com သို့လိပ်မူ၍ အမည်၊ သတင်းဌာန၊ ဆက်သွယ်ရန် ဖုန်း နံပါတ်၊ လိပ်စာ (e-mail လိပ်စာ) တို့အား ပေးပို့နိုင်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment