ရန်ကုန် ဧပြီ ၂၂
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံရှိ ဟိုတယ်များ အဆင့်အတန်း မြင့်မားစေရေးနှင့်
ဝန်ဆောင်မှုအရည်အသွေး ပိုမိုတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက
ရန်ကုန်မြို့ Novotel Yangon Max ဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က “ဟိုတယ်များ ၀န်ဆောင်မှု အဆင့်အတန်း မြင့်မားအောင်ဆောင်ရွက်ရန်နှင့်
နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် ယခုကဲ့သို့ UNWTO နှင့် နိုင်ငံတကာမှပညာရှင်များ
ဖိတ်ခေါ်ကာ ဆွေးနွေးဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ ဟိုတယ်များ အဆင့်အတန်းနှင့်
အရည်အသွေး လိုအပ်ချက်များရှိပါက အကြံပြုပေးပါရန် မှာကြားထားပါကြောင်း၊ ၀န်ကြီးဌာနအနေဖြင့်
၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ပြီး
ဖြစ်ပါကြောင်း၊ ယင်းဥပဒေအရ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုလည်း
လုပ်ပိုင်ခွင့်များပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ခရီးသွားလာရေး ကိစ္စရပ်များကို လွယ်ကူကောင်းမွန်စေရန်
အချိန်တိုတိုအတွင်း လုပ်ငန်းများ ပြီးမြောက်အောင် ဥပဒေအသစ်တွင် ပြဋ္ဌာန်း ထားပါကြောင်း၊
ဝန်ကြီးဌာနသည် ရေရှည်တည်တံသည့် ခရီးသွားလုပ်ငန်း ဖြစ်စေရေး၊ ၀န်ဆောင်မှု ကောင်းမွန်စေရေး၊
Human Resource Development အတွက် HR သင်တန်းများ လိုအပ်သည့် နေရာများတွင် ဖွင့်လှစ်ပေးနိုင်ရေးအတွက်
ဝန်ကြီးဌာန က လိုအပ်သည့်မူဝါဒနှင့်ပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း၊
ယနေ့ဆွေးနွေးပွဲသည် ဟိုတယ်လုပ်ငန်းများအတွက် လိုအပ်သည့် အရည်အသွေးဆိုင်ရာကိစ္စရပ်များကို
ဆွေးနွေးပြောကြားသွားမည်ဖြစ်သဖြင့် အကျိုးရှိ သည့်ဆွေးနွေးပွဲတစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ
ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်မျိုးမင်းဒင်က ယခုကဲ့သို့ နိုင်ငံတကာမှ
ပညာရှင်များ ဖိတ်ခေါ်ကာ မြန်မာနိုငိငံရှိ ဟိုတယ်များ ၀န်ဆောင်မှုအရည်အသွေး တိုးတက်စေရေး
ဆောင်ရွက်ပေးသည့် အတွက် ၀န်ကြီးဌာနကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ဆွေးနွေးပွဲ
ဖြစ်ပေါ်လာခြင်းနှင့် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ
ကျွမ်းကျင်ပညာရှင် ဂရိနိုင်ငံသား Dr. DimitrisKoutoulas က ဟိုတယ်များ ၏ အရည်အသွေးမြှင့်မားရေးဆိုင်ရာ
ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊
မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ညီနောင်အသင်းများမှ
တာဝန်ရှိသူများ၊ ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ ဟိုတယ်၊ မိုတယ်-အင်းများမှ တာဝန်ရှိသူများ
တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment