Thursday, April 18, 2019

ဆေးရှဲလ်နိုင်ငံ ဒုတိယသမ္မတနှင့်ဇနီး ဦးဆောင်သည့်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ


 
နေပြည်တော် ဧပြီ ၁၈
မြန်မာနိုင်ငံသို့ အလွတ်သဘောခရီးစဉ် ရောက်ရှိနေသော ဆေးရှဲလ်နိုင်ငံ ဒုတိယ သမ္မတ H.E. Mr. Vincent Meriton နှင့်ဇနီး Mrs. Daniella Hoareau ဦးဆောင်သည့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ မြန်မာအမျိုးသား လေကြောင်းဖြင့် ထွက်ခွာရာ နေပြည်တော်သို့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရောက်ရှိကြသည်။

ဆေးရှဲလ်နိုင်ငံ ဒုတိယသမ္မတနှင့်ဇနီး ဦးဆောင်သည့်အဖွဲ့အား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment