ရန်ကုန် ဧပြီ ၂၁
အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် သဘာပတိ
အဖွဲ့ဝင်၊ သတင်းစာဆရာ၊ စာရေး ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ငါးနှစ်ပြည့်
အောက်မေ့ဖွယ် ဂုဏ်ပြု အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ၊ ဗဟန်း မြို့နယ်ရှိ
တော်ဝင်နှင်းဆီ (သီရိခန်းမ) ၌ ကျင်းပသည်။
အခမ်းအနားတွင် ဗိုလ်ချပ်အောင်ဆန်းနှင့်တကွ
အာဇာနည်ခေါင်းဆောင်ကြီး များအား အလေးပြုပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးနှင့်တကွ ဒီမိုကရေစီအရေးတော်
ပုံအဆက်ဆက်တွင် အသက်ပေးလှူသွားခဲ့ကြသည့် ရဟန်း ရှင်လူ ကျောင်းသား ပြည်သူအပေါင်းတို့နှင့်
မြန်မာ့နိုင်ငံရေး မီးရှုးတန်ဆောင် ဟံသာဝတီ ဦးဝင်းတင်အား အောက်မေ့ သတိရဂုဏ်ပြုသောအားဖြင့်
ရှစ်စက္ကန့်ငြိမ် သက်ကြသည်။
ထို့နောက် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏
အတ္ထုပ္ပတိ အကျဉ်းနှင့် ကွယ်လွန်ခြင်းငါးနှစ် ပြည့် အခမ်းအနား ကျင်းပရခြင်းတို့ကို ဟံသာဝတီ
ဦးဝင်းတင် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတို့က ရှင်းလင်း ဖတ်ကြား သည်။
ယင်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ဂုဏ်ပြု အမှတ် တရ စကားပြောကြားပြီး ဟံသာဝတီ
ဦးဝင်းတင် ဖောင်ဒေးရှင်း နာယက အဖွဲ့ဝင် ဦးမောင်မောင်ခင် နှင့် တက်ရောက် လာကြသူများက
ဂုဏ်ပြု အမှတ်တရ စကားများပြောကြားကာ ဂုဏ်ပြု ကဗျာရွတ်ဆိုကြသည်။
ဆက်လက်၍ အခမ်းအနားသို့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်
အဖွဲ့အစည်းများမှ ပေးပို့သည့် သ၀ဏ်လွှာများကို ဖတ်ကြားပြီး မှတ်တမ်းတင်သည်။
အဆိုပါ အခမ်းအနားကို ဟံသာဝတီ ဦးဝင်းတင်
ဖောင်ဒေးရှင်းက ကြီးမှူး၍ ကျင်းပခြင်းဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ
ပုဂ္ဂိုလ်များ၊ စာပေအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊
နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ ဖိတ်ကြားထားသူများနှင့် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို
ချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် အခမ်းအနားသို့ တက်ရောက်လာကြသူများက
မင်္ဂလာဒုံမြို့နယ်၊ ရေဝေးသုဿန်ရှိ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အုတ်ဂူသို့ သွားရောက်ကာ
ဂါရ၀ပြုကြသည်။ အလားတူ ယနေ့နံနက်ပိုင်းက ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ငါးနှစ်ပြည့်
အောက်မေ့ဖွယ် အခမ်းအနားများအဖြစ် ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာလမ်း၊ မဟာစည်သာသနာ့ရိပ်သာ
၁၆ တွင် ဆွမ်းကျွေး အလှူကို လည်းကောင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ၊ အမှတ်
(၁၁)၊ ဟိုင်ဆင်ဒူးဝါး လမ်း ၊ အမှတ်(၄၄၈) တွင် ကွယ်လွန်ခြင်း ငါးနှစ်ပြည့်နှင့် ဦးဝင်းတင်အိမ်(U
Win Tin House) ဖွင့်ပွဲအခမ်းအနားကို ဆရာကြီး၏ မိသားစုဝင်များနှင့် တပည့်များက ကျင်းပခဲ့ကြောင်း
သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး
No comments:
Post a Comment